ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာတစ်ဝန်း ပျံ့နှံ့မှုနှင့် ပြင်ဆင်ထားမှုများ

ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာတစ်ဝန်း ပျံ့နှံ့မှုနှင့် ပြင်ဆင်ထားမှုများ

မော်စကို - ကြီးမားကျယ်ပြန့်လှသော ရုရှားနိုင်ငံတစ်ဝန်းတွင် COVID-19 ကမ္ဘာ့ကပ်ရောဂါကြီး ပျံ့နှံ့လျက်ရှိရာ ဝေဒနာရှင် များအတွက် ဆေးရုံများအဆင်သင့်ဖြစ်စေရေးကို အစောတလျင်ဆောင်ရွက်ရန် ရုရှားဝန်ကြီးချုပ်က ပြည်နယ်အုပ်ချုပ်ရေးမှူးများထံသို့ မတ် ၂၅ ရက်တွင် အမိန့်ထုတ်လိုက်သည်။ အစိုးရ ကြေညာချက်အရ ရုရှားတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၆၅၈ ဦးရှိပြီး ယမန်နေ့ကထက် ၄၉၅ ဦးတက်လာခြင်း ဖြစ်သည်။ ယခု အရေအတွက်မှာ ထင်ရှားသိသာသည့် နေ့စဉ်တိုးတက်မှု ဖြစ်သည်။

ဒုတိယဝန်ကြီးချုပ် တက်ယာနာဂိုလီကိုဘာက ပြောကြားရာတွင် နိုင်ငံခြားမှပြန်လာပြီး ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်ခံနေရသူနှင့် လောလောဆယ် မိမိသဘောဖြင့် သီးခြားခွဲ၍ နေထိုင်သူ ၁၁၂,ဝဝဝ ရှိသည်ဟု ဆိုသည်။

ရာမလာ (အနောက်ဘက်ကမ်း) - ပါလက်စတိုင်းအာဏာပိုင်အဖွဲ့က အမိန့်ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း ဂျော်ဒန်မြစ်အနောက်ဘက်ကမ်းဒေသတွင် အစ္စရေးနိုင်ငံမှ ပြန်လာမည်ဟု မျှော်မှန်းထားသော ပါလက်စတိုင်း လူမျိုးသောင်းနှင့်ချီသည်။ ၎င်းတို့ကို စောင့်ကြည့်လူနာအဖြစ် ၁၄ ရက်နေထိုင်ပြီးနောက်မှ ပြန်လာရန် ဝန်ကြီးချုပ် မိုဟာမက် ရှာတာရာက မတ် ၂၄ ရက်တွင် အမိန့်ထုတ်ခဲ့သည်။အစ္စရေးနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂,ဝဝဝ ကျော်ရှိပြီး ငါးဦးသေဆုံးခဲ့သည်။ ပါလက်စတိုင်း အာဏာပိုင် အဖွဲ့က အုပ်ချုပ်သော အနောက်ဘက်ကမ်းဒေသတွင် ကူးစက်သူ ၅၈ ဦးရှိသည်။

လန်ဒန် - ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါကြီးဖြစ်ပွားမှု ကြောင့် ဗြိတိသျှပါလီမန်ကို အနည်းဆုံး ရက်သတ္တလေးပတ် ပိတ်ရန် သတ်မှတ်ထားသည်။ လက်ရှိအခြေအနေတွင် ဗြိတိန် နိုင်ငံ၌ COVID-19 ပျံ့နှံ့ကူးစက်မှုပေါင်း ၈,ဝ၇၇ အတည်ပြု လူနာရှိပြီး ၄၂၂ ဦးသေဆုံးခဲ့သည်။ ပါလီမန်အဆောက်အအုံ သို့ လာရောက်သည့် ဧည့်သည်များကို တားမြစ်ပိတ်ပင်ထားခဲ့ သည်။ ဝန်ထမ်းအချို့မှာ နေအိမ်ကပင် အလုပ်လုပ်ကြရသည်။ ဗြိတိန်နိုင်ငံသားများကို နေအိမ်တွင်သာ နေထိုင်ရန်နှင့် ပိတ်ပစ်ရန်လိုအပ်သော ဆိုင်များအားလုံးကို ပိတ်ထားခဲ့သည်။ ပါလီမန်အမတ်များသည် ဧပြီ ၂၁ ရက်ထိ ပါလီမန်ကို ဆိုင်းငံ့ထားပြီးမှသာ မဲပေးနိုင်ကြမည်ဖြစ်သည်။

ဂျိုဟန်နက်စ်ဘတ် - အာဖရိကတစ်ဝန်းတွင် ကိုရိုနာ ဗိုင်းရပ်စ်ရောဂါကူးစက်မှုမှာ ယခုအခါ ၂,၄ဝဝ ကျော်သွားပြီး တောင်အာဖရိကတွင် ကူးစက်ခံရသူ ၇ဝ၉ အထိရှိကာ အာဖရိကနိုင်ငံများတွင် ကူးစက်ခံရသူ အများဆုံးဖြစ်သည်။

ကိုလံဘို - နိုင်ငံတစ်ဝန်းလုံးတွင် ညမထွက်ရအမိန့်ထုတ် ထားရာ ချိုးဖောက်သူများကို ရဲက တိကျစွာအရေးယူမည် ဖြစ်ကြောင်း မတ် ၂၅ ရက်တွင် သီရိလင်္ကာရဲအဖွဲ့က ကြေညာခဲ့သည်။ လွန်ခဲ့သည့် ၂၄ နာရီအတွင်း ညမထွက်ရအမိန့်ကို ချိုးဖောက်သည့် လူ ၄၂ဝ ကို ဖမ်းဆီးပြီး ယာဉ် ၉၇ စီးကို သိမ်းဆည်းခဲ့သည်။ သီရိလင်္ကာအစိုးရက မတ် ၂ဝ ရက် ကတည်းကပင် ညမထွက်ရအမိန့်ကို ထုတ်ပြန်ခဲ့ပြီး ယခုအခါ ယင်းနိုင်ငံတွင် ဓာတ်ခွဲခန်းအတည်ပြုသူများ ၁ဝ၁ ဦးအထိ တိုးလာခဲ့သည်။

တောင်ကိုရီးယား − အမေရိကန်သမ္မ ဒေါ်နယ်ထရမ့်၏ အကူအညီတောင်းခံမှုကို တုံ့ပြန်ခြင်းအဖြစ် တောင်ကိုရီးယားနိုင်ငံက ကိုရိုနာဗိုင်းစ်ရောဂါစမ်းသပ်သည့် ပစ္စည်းများကိုဖြည့်ဆည်း ပေးရန် စီစဉ်ထားသည်။ တောင်ကိုရီးယားနိုင်ငံတွင် မတ် ၂၅ ရက် အခြေအနေအရ လူပေါင်း ၃၅၈,ဝဝဝ ဝန်းကျင်ကို စစ်ဆေးခဲ့ပြီး ရောဂါကူးစက်ခံရသူ ၉,၁၃၇ နှင့် သေဆုံးသူ ၁၂၆ ဦး ရှိခဲ့သည်။

နယူးဒေလီ − ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သော အန္ဒိယနိုင်ငံသည် မတ် ၂၅ ရက်တွင်ကိုရိုနာဗိုင်းရပ်ကပ်ရောဂါကြီး ပျံ့နှံ့မှုကို ရပ်ဆိုင်းရန် ကြိုးပမ်းချက်အဖြစ်ကမ္ဘာပေါ်တွင် အကြီးဆုံးသော ပိတ်ဆို့ဟန့်တားမှုကို ဆောင်ရွက်ခဲ့ရာ အိန္ဒိယနိုင်ငံ၏ လူဦးရေ ၁ ဒသမ ၃ ဘီလျံကိုအပြင်မထွက်ပဲ နေအိမ်တွင်ပင် နေထိုင်ရရန် အမိန့်ထုတ်ခဲ့သည်။ လက်ရှိအခြေအနေတွင် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၄၅ဝ ရှိသည်။

ကွာလာလမ်ပူ − အလေးရှားနိုင်ငံက ယင်းနိုငံ်၏ ပိတ်ဆို့မှုကို ဧပြီလ ၁၄ ရက်ထိ နောက်ထပ်ရက်သတ္တနှစ်ပတ် သတ်တမ်းတိုးမည်ဟု ကြေညာခဲ့သည်။ မတ် ၂၅ ရက်အထိ ၁၇၂ ဦးတိုးလာ စုစုပေါင်း ၁၇၉၆ ဦး အထိရှိလာရာ အရှေ့တောင်အာရှတွင် ကိုရိုနာရောဂါပိုး ကူးစက်ခံရမှု အမြင့်ဆုံးဖြစ်လာခဲ့ သည်။ (အေပီ)

တင်စိန် ဘာသာပြန်သည်။