ကိုင်ရို − အိမ်နီးချင်း တောင်ဆူဒန်နိုင်ငံသို့ တရားဝင် သွားရောက်လည်ပတ်စဉ် ဆူဒန်နိုင်ငံကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ဂါမယ်လ် အယ်လ်ဒင် အိုမာသည် မတ် ၂၅ ရက်က နှလုံးရောဂါဖြင့်ကွယ်လွန်သွား ကြောင်း ဆူဒန်တပ်မတော် နှင့် အစိုးရတာဝန်ရှိသူတို့က ယင်းနေ့၌ပင်ထုတ်ပြန် ကြေညာခဲ့သည်။
ဆူဒန်နိုင်ငံ၏ ကြားဖြတ် အစိုးရနှင့်သူပုန်အုပ်စုများကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်ရန် ဆူဒန်နိုင်ငံမြို့တော် ဂျူဘာသို့ အိုမာသွားရောက်ခဲ့ကြောင်းတာဝန်ရှိသူတို့ကပြောကြားသည်။မတ်လ ၂၄ ရက် ညနေစောင်းအထိ အစည်းအဝေး များကိုတက်ရောက်ခဲ့ပြီးနောက် မတ် ၂၅ ရက် အစောပိုင်းတွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။
အိုမာသည် ဆူဒန်နိုင်ငံ အချုပ်အခြာအာဏာပိုင်ကောင်စီ တွင် အဖွဲ့ဝင်တစ်ဦးဖြစ်ကာ အဆိုပါကောင်စီသည် နိုင်ငံတော်၏တပ်မတော်နှင့် အာဏာရှင် သမ္မတဟောင်း အိုမာအယ်လ် ဘာရှာအားဆန့်ကျင်သည့် ဆူပူအုံကြွမှုကို ဖြစ်ပေါ်စေခဲ့သည့် ဒီမိုကရေစီ လိုလားသူများလှုပ်ရှားမှု အကြား ၃၉ လကြာ အာဏာခွဲဝေယူရေး သဘောတူညီချက်ဖြင့် ပြီးခဲ့သည့်နှစ်က အာဏာရယူခဲ့ခြင်း ဖြစ်သည်။ (အေပီ)
















