ဘွန်ဒက်စ်လီဂါလက်ရှိချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းနှင့်အတူ ဒေါ့ မွန်၊ လိုက်ပ်ဇစ်နှင့် လေဗာကူဆင်တို့ သည် COVID-19 ကြောင့် ဘွန်ဒက်စ် လီဂါအသင်းများနှင့် ဒုတိယတန်းကလပ် များစီးပွားရေးကျားကန်နိုင်ရန် ယူရိုသန်း ၂၀ ထောက်ပံ့လှူဒါန်းမည်ဖြစ်ကြောင်း ဂျာမန်ဘောလုံးလိဂ်က အတည်ပြု ကြေညာခဲ့သည်။
COVID-19 ကြောင့် ဘွန်ဒက်စ်လီဂါနှင့် ဒုတိယတန်းပွဲများ ကိုရွှေ့ဆိုင်းထားရာ စီးပွားရေးအရ အသင်းကြီးများအတွက် သက်ရောက် မှုနည်းနိုင်သော်လည်း အသင်းငယ် များအတွက် ဆိုးကျိုးဖြစ်ပေါ်နေသည်။
ထို့ကြောင့် ဘိုင်ယန်မြူးနစ်၊ ဒေါ့ မွန်၊ လိုက်ပ်ဇစ်နှင့် လေဗာကူဆင်တို့ သည် စည်းလုံးညီညွတ်မှုကိုပြသသည့် အနေဖြင့် ၎င်းတို့ရရှိမည့် ရုပ်သံဝင်ငွေ အပါအဝင် အသင်းကိုယ်ပိုင်ရန်ပုံငွေမှ စုစုပေါင်းယူရိုသန်း ၂၀ ကို လှူဒါန်း ခဲ့ခြင်းလည်းဖြစ်သည်။ အသင်းလေး သင်းပေါင်းရရှိမည့်ရုပ်သံဝင်ငွေမှာ ယူရို ၁၂ ဒသမ ၅ သန်းဖြစ်ပြီး ကိုယ် ပိုင်ရန်ပုံငွေထဲမှစိုက်ထုတ်ငွေမှာ ယူရို ၇ ဒသမ ၅ သန်းဖြစ်၍ စုစုပေါင်း ယူရိုသန်း ၂၀ ဖြစ်ဟု ဂျာမန်ဘောလုံး လိဂ်က ဆိုခဲ့သည်။
ဂျာမန်ဘောလုံးလိဂ်ဥက္ကဋ္ဌ ခရစ္စတီ ယန်ဆီဖက်က "ဒါက ဘာကိုပြသလဲ ဆိုတော့ ဘွန်ဒက်စ်လီဂါမှာ စည်းလုံး ညီညွတ်မှုဆိုတာ အချည်းနှီးမဟုတ် မှန်းပြသခဲ့တာပါ။ အသင်းလေးသင်း စလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်"ဟု ပြောကြားခဲ့သည်။
ဘိုင်ယန်မြူးနစ်အသင်းစီအီးအို ရူမင်နစ်ဂီက "COVID-19 ကြောင့် ဒီအချိန်က အားလုံးအတွက်ခက်ခဲတဲ့ အချိန်ဖြစ်နေပါတယ်။ အရေးကြီးဆုံး ကတော့ အားကြီးတဲ့ပခုံးက အားငယ် တဲ့ပခုံးကို အထောက်အပံ့ပေးဖို့ပါ။ ဘောလုံးဟာ ဘယ်တော့မဆို အတူ =တကွ တစ်သားတည်းရှိတယ်ဆိုတာကို ကျွန်တော်တို့ပြသတာပါ"ဟု ပြောသည်။
ကမ္ဘာ့ကပ်ရောဂါ COVID-19 ကူးစက်ခံရသူဦးရေမှာ မတ် ၂၇ ရက် အထိငါးသိန်းကျော်နေပြီး ဂျာမနီနိုင်ငံ၌ COVID-19 ကူးစက်သူ ၄၀ဝဝဝ ကျော်ရှိကာ လူ ၂၀ဝ ကျော်သေဆုံး ခဲ့ပြီးဖြစ်သည်။















