စက်ရုံတွင်အလုပ်လုပ်ကိုင်သူ တရုတ်နိုင်ငံသား၂ ဦးသေဆုံးမှုကို စစ်ဆေးနေ

စက်ရုံတွင်အလုပ်လုပ်ကိုင်သူ တရုတ်နိုင်ငံသား၂ ဦးသေဆုံးမှုကို စစ်ဆေးနေ

မြဝတီမြို့၊ရွှေကုက္ကိုလ်ကျေးရွာရှိစက်ရုံတွင် အလုပ်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၂ ဦး သေဆုံးခဲ့ မှုကို ရဲတပ်ဖွဲ့က သေမှုသေခင်းဖွင့်လှစ်စစ်ဆေးလျက်ရှိကြောင်း ယနေ့မတ် ၂၉ ရက်တွင် ရဲတပ်ဖွဲ့ထံမှ သိရသည်။

မတ် ၂၈ ရက် ည၁၀နာရီခွဲတွင် ကရင်ပြည်နယ်၊မြဝတီမြို့နယ်၊ရွှေကုက္ကိုလ်ကျေးရွာရှေိ နအိမ်၌တရုတ်လူမျိုးအမျိုးသားတစ်ဦးသေဆုံးနေကြောင်းသတင်းအရ နယ်မြေ စခန်းမှူးရဲအုပ်ဝဏ္ဏစံနှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။

သေဆုံးသူမှာတရုတ်နိုင်ငံသား HUANG LIFEIဖြစ်ပြီး ၂၀၁၉ ခုနှစ် သြဂုတ် ၁၆ရက်တွင် မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားမှတစ်ဆင့် မြန်မာနိုင်ငံသို့ ဝင်ရောက်လာသူဖြစ်ကာ ကုမ္ပဏီဝန်ထမ်းအဖြစ်လုပ်ကိုင်နေသူဖြစ်သည်။

မှုခင်းဆေးစာပြန်ကြားချက်အရ နှလုံးသွေးကြောကျဉ်းဝေဒနာဖြင့်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကနဦး ပြန်ကြားခဲ့သည်။သေဆုံးသူမှာ ထိုင်းနိုင်ငံ မဲဆောက်ဆေးရုံသို့သွား၍ တစ်လတစ်ကြိမ် ဆေးဝါးကုသမှုခံယူနေရသူဖြစ်သည်။ရဲစခန်းက သေမှုသေခင်းအမှတ်စဉ်(၄/၂၀၂၀)အရ အမှုဖွင့် စစ်ဆေးလျက်ရှိသည်။

အလားတူ မတ်လ၂၇ရက် ည၈နာရီခွဲခန့်တွင်လည်း ကရင်ပြည်နယ်၊မြဝတီမြို့၊ခရိုင်ပြည်သူ့ ဆေးရုံကြီးတွင် တရုတ်နိုင်ငံသားတစ်ဦးသေဆုံးရောက်ရှိနေကြောင်းသတင်းအရ သက်ဆိုင်ရာက သွားရောက်စစ်ဆေးခဲ့သည်။

သေဆုံးသူမှာ တရုတ်နိုင်ငံသားMr.JianYongRong ဖြစ်ပြီး မြဝတီမြို့နယ်၊ရွှေကုက္ကိုလ်ကျေးရွာရှိ ကုမ္ပဏီတွင်နေထိုင်သူဖြစ်ကာ ပြင်ပဒဏ်ရာတစ်စုံတစ်ရာမတွေ့ရှိရဘဲ သေဆုံးခဲ့ခြင်းဖြစ်သည်။

သေဆုံးသူမှာ မတ် ၂၇ ရက်ညနေ၃နာရီခန့်တွင် လည်ပင်းနာရောဂါမသက်သာသဖြင့် ရွှေကုက္ကိုလ်ကျေးရွာမှ သီတဂူချစ်သူဆေးရုံသို့ တင်ပို့ပြသကုသနေစဉ် သေဆုံးခဲ့ခြင်းဖြစ်သည်။

ထို့နောက် အလောင်းကို ခရိုင်ပြည်သူ့ဆေးရုံသို့ ရင်ခွဲစစ်ဆေးရန် ပို့အပ်ပြီး ရဲစခန်းကသေမှုသေခင်းအမှတ်(၃/၂၀၂၀)အရ အမှုဖွင့်အရေးယူထားသည်။