COVID-19  အကျပ်အတည်းကာလ၌ ဂျူဗင်တပ်စ်ထံမှ လေးလစာ မယူရန် နည်းပြဆာရီနှင့် ကစားသမားများ ဆုံးဖြတ်

COVID-19  အကျပ်အတည်းကာလ၌ ဂျူဗင်တပ်စ်ထံမှ လေးလစာ မယူရန် နည်းပြဆာရီနှင့် ကစားသမားများ ဆုံးဖြတ်

ဂျူဗင်တပ်စ်အသင်းနည်းပြ ဆာရီ နှင့် အဓိကတိုက်စစ်မှူး စီရိုနယ်ဒို အပါအဝင် ကစားသမားများသည် COVID-19  အကျပ်အတည်းကာလ၌ အသင်းထံမှ လေးလစာမယူရန် ဆုံး ဖြတ်ခဲ့ပြီဖြစ်ကြောင်း  သိရသည်။

COVID-19 ကြောင့် ဥရောပထိပ် တန်းဘောလုံးကလပ်များအပါအဝင် အသင်းလတ်၊ အသင်းငယ်တို့မှာ ဝင်ငွေဆုံးရှုံးမှုများဖြစ်ပေါ်နေသည်။ ဂျူ ဗင်တပ်စ်အသင်းသည် COVID-19 ကြောင့် ကစားသမားများ၏ လုပ်ခ လစာကိုလျှော့ချမည်ဟု သတင်းထွက် ခဲ့ပြီးနောက် ယခုအခါ နည်းပြဆာရီ နှင့် ကစားသမားများက အသင်းကို ပံ့ပိုးသည့်အနေဖြင့် လေးလစာမယူရန် ဆုံးဖြတ်ခဲ့သည်။

နည်းပြဆာရီနှင့် ကစားသမား များသည် မတ်၊ ဧပြီ၊ မေ၊ ဇွန်လအထိ လုပ်ခလစာများမယူရန် သဘောတူညီခဲ့ ပြီဖြစ်ကြောင်း ဂျူဗင်တပ်စ်အသင်းက ထုတ်ပြန်ခဲ့သည်။ နည်းပြဆာရီနှင့် ကစားသမားများ၏ လေးလစာမယူရန် ဆုံးဖြတ်ခဲ့မှုကြောင့် ဂျူဗင်တပ်စ်မှာ ယူရိုသန်း ၉၀ အကုန်အကျသက်သာ မည်ဖြစ်သည်။ အားလုံးအတွက်ခက်ခဲ သည့်အချိန်၌ ကစားသမားများနှင့် နည်းပြအဖွဲ့ဝင်များတို့၏ ယခုကဲ့သို့ ကတိကဝတ်ကို ကျေးဇူးတင်ရှိကြောင်း ဂျူဗင်တပ်စ်အသင်းက ဆိုခဲ့သည်။

ဥရောပအခြားအသင်းနှစ်သင်း ဖြစ်သည့် ဘိုင်ယန်မြူးနစ်နှင့်ဒေါ့မွန် တို့မှာလည်း ဃဥဠှီု-၁၉  ကြောင့်ပင် ကစားသမားများ၏ လုပ်ခလစာကို လျှော့ချရန် သဘောတူညီမှုရရှိခဲ့ပြီး လည်းဖြစ်သည်။ ဘာစီလိုနာအသင်းမှာလည်း COVID-19 ကြောင့် ကစား သမားများ၏လုပ်ခလစာကို ရာခိုင်နှုန်း ၇၀ အထိလျှော့ချရန်ဆုံးဖြတ်ခဲ့သည်။ ဂျူဗင်တပ်စ်သည် COVID-19 ဒဏ်ကို နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်ခဲ့ရသည့် စီးရီးအေကလပ်ဖြစ်ပြီး ရူဂါနီ၊ မာတူဒီ နှင့်  ဒိုင်ဘာလာတို့  ကူးစက်ခဲ့သည်။

အီတလီနိုင်ငံ၌ COVID-19  ကူးစက်သူဦးရေမှာ တစ်နေ့တခြား တိုးပွားလျက်ရှိပြီး မတ် ၂၉ ရက် အထိ သေဆုံးသူ ၁၀ဝဝဝ ကျော်ရှိနေ ကြောင်း သိရသည်။

အီတလီ၌ COVID-19  ကူးစက် သူဦးရေမှာ ကိုးသောင်းကျော်ရှိလာခဲ့ပြီး တစ်ရက်ခြင်းအလိုက် သေဆုံးသူဦးရေ မှာလည်း စံချိန်တင် များပြားလျက်ရှိ သည်။ မတ် ၂၉ ရက်အထိ ကမ္ဘာ တစ်ဝန်း COVID-19 ကူးစက်သူဦးရေ ခြောက်သိန်းကျော်ရှိလာပြီး သေဆုံးသူ ဦးရေမှာ ၃၀ဝဝဝ ကျော်ရှိနေကြောင်း သိရသည်။



ဖတ်ရှုမှုအများဆုံး