မလေးရှားပရော်ဖက်ရှင်နယ် ကစားသမားများအစည်းအရုံး(PFAM) က COVID-19 ကြောင့် နိုင်ငံအတွင်း ဘောလုံးပြိုင်ပွဲများ ရွှေ့ဆိုင်းထားရသည့်အချိန် ကစားသမားများအနေဖြင့် လစာမယူရေးကို သဘောတူမည်မဟုတ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။
မလေးရှားနိုင်ငံ၌ လည်း COVID-19 ကူးစက်သူ ၂၀ဝ၀ ကျော်ရှိနေပြီး သေဆုံးမှုများလည်းဖြစ် ပေါ်နေ၍ စိုးရိမ်စရာဖြစ်နေသည်။
COVID-19 ကြောင့် ဘောလုံး ပြိုင်ပွဲများရွှေ့ဆိုင်းထားရာ အချို့သော အသင်းများက ကစားသမားများ၏ လုပ်ခလစာကိုလျှော့ချရန် အစီအစဉ် ရှိကောင်းရှိနေသည်။
ကစားသမားများအနေဖြင့် သက် ဆိုင်ရာကလပ်အသင်းကိုယ်စီနှင့် ကတိ ကဝတ်စာချုပ်ရှိနေကြောင်း၊ မလေးရှား ပရော်ဖက်ရှင်နယ်ကစားသမားများ အစည်းအရုံးက ဆိုခဲ့သည်။
COVID-19 ကြောင့် လက်ရှိ အချိန်တွင် တစ်ရက်ပြီးတစ်ရက်နေထိုင်စားသောက်ရန် ငွေကြေးပိုကုန်နေကြောင်း၊ အချို့ကစားသမားများမှာ အိမ်အတွက် ငွေပိုကုန်နေကြောင်း၊ ခရီးသွားလာခွင့် ကန့်သတ်ထားသည့် အချိန် ဝင်ငွေမရှိသော မိသားစုဝင်များကို စောင့်ရှောက်ရမည့်သူများလည်း ရှိနေကြောင်း မလေးရှားပရော်ဖက်ရှင်နယ် ကစားသမားအစည်းအရုံးက ဆိုခဲ့သည်။















