COVID-19 ကူးစက်ခံရ၍ တူရကီဂိုးသမားဟောင်းရက်စ်တူ ဆေးရုံသို့အလျင်အမြန်သွာကာ ကုသမှုခံယူ

COVID-19 ကူးစက်ခံရ၍ တူရကီဂိုးသမားဟောင်းရက်စ်တူ ဆေးရုံသို့အလျင်အမြန်သွာကာ ကုသမှုခံယူ

တူရကီဂန္ထဝင်ဂိုးသမားဟောင်း တစ်ဦးဖြစ်သူ ရက်စ်တူရက်ဘာသည် COVID-19 ကူးစက်ခံရပြီးနောက် ဆေးရုံသို့ အလျင်အမြန်သွားရောက် ကာ ကုသမှုခံယူနေရကြောင်း ၎င်း၏ ဇနီးသည်က အင်စတာဂရမ်မှတစ်ဆင့် ပရိသတ်များအား အတည်ပြုပြောကြား ခဲ့သည်။

အသက်(၄၆)နှစ်အရွယ် ဂိုးသမား ဟောင်းရက်စ်တူသည် ကစားသမား ဘဝက ဘီဆစ်တပ်၊ ဖီနာဘာချီ၊ အန် တယ်ရက်စပေါနှင့် ဘာစီလိုနာအသင်းတို့၌ ပါဝင်ကစားခဲ့ဖူးသည်ဖြစ်သည်။ ရက်စ်တူသည် ဆယ်စုနှစ် နှစ်ခုအတွင်း တူရကီလက်ရွေးစင်အသင်းအတွက် ပွဲပေါင်း ၁၂၀ ကစားခဲ့သူဖြစ်ပြီး နိုင်ငံ အသင်း၏ပွဲထွက်အများဆုံး ကစားသမားလည်းဖြစ်သည်။

ရက်စ်တူသည် မတ်လ ၂၈ ရက်က COVID-19  ဖြစ်နေကြောင်းတွေ့ရှိ ခဲ့ရပြီးနောက် ဆေးရုံသို့အလျင်အမြန် သွားရောက်ခဲ့ရခြင်းဖြစ်သည်။ ရက်စ်တူ၏ဇနီးသည် အယ်လ်ဆီက ၎င်း၏ ခင်ပွန်းဖြစ်သူမှာ COVID-19  ကူးစက်ခံထားရ၍ ဆေးရုံတက်နေရကြောင်း၊ ယခုကဲ့သို့ဖြစ်ပွားခဲ့၍ အံ့အားသင့်မိ ဆဲဖြစ်ကြောင်း၊ ၎င်းအပါအဝင် သားနှင့်သမီးမှာ ဗိုင်းရပ်စ်ကူးစက်ခြင်းမခံရ ကြောင်း၊ ချစ်လှစွာသောခင်ပွန်းအပါ အဝင် လူနာများကို အလ္လာရှင်မြတ် အရေးပေါ်ကယ်ဆယ်နိုင်ပါစေကြောင်း ဆိုသည်။

တူရကီနိုင်ငံ၌ COVID-19 ကူးစက် ခံရသူ အယောက် ၇၀ဝ၀ ကျော်ရှိနေ ပြီး သေဆုံးသူ ၁၀ဝ ကျော်ရှိကြောင်း သိရသည်။



ဖတ်ရှုမှုအများဆုံး