နာပိုလီအသင်းနည်းပြဂတ်တူဆိုက ကူးစက်မှုမြန်ဆန်နေသော COVID-19 ကြောင့် အပြင်သို့မထွက်ဘဲ အိမ်၌ သာနေထိုင်ကြရန် တစ်ကမ္ဘာလုံးရှိ ပရိသတ်များအား အကြံပြုခဲ့သည်။
COVID-19 ကူးစက်ခံရဆုံးနိုင်ငံများ စာရင်း၌ အမေရိကန်နိုင်ငံပြီးနောက် အီတလီနိုင်ငံမှာ ဒုတိယနေရာလိုက်နေ ပြီး မတ် ၂၉ ရက်အထိကူးစက်ခံရသူ ၉၀ဝ၀ဝ ကျော်လာသည်။ COVID-19 ကြောင့်ပင် အီတလီရှိဘောလုံးပြိုင်ပွဲ နှင့် အားကစားပြိုင်ပွဲများကိုလည်း ရွှေ့ဆိုင်းထားရသည်။
ဂတ်တူဆိုက COVID-19 ကြောင့် စိုးရိမ်ပူပန်မိကြောင်း ကနဦးပြောဆိုကာ ဆရာဝန်များနှင့်သူနာပြုများမှာ စွမ်းစွမ်းတမံအလုပ်လုပ်နေကြောင်း နာပိုလီအသင်း တွစ်တာမှတစ်ဆင့် သတင်း စကားပါးခဲ့ခြင်းဖြစ်သည်။
ဂတ်တူဆိုက အိမ်၌သာနေထိုင်ကြရန် ပြောကြားလိုကြောင်း၊ COVID-19 ကြောင့် ခွဲခွာသွားသူများအတွက် စိတ်မကောင်း ဖြစ်မိကြောင်း၊ ကျန်းမာရေးဆိုင်ရာစည်း မျဉ်းစည်းကမ်းများကို လေးစားလိုက်နာ ရမည်ဖြစ်ကြောင်း ဆိုခဲ့သည်။















