MICT Park အတွင်း သင်တန်းများနှင့် ကုမ္ပဏီအချို့ပိတ်ထား

MICT Park အတွင်း သင်တန်းများနှင့် ကုမ္ပဏီအချို့ပိတ်ထား

ရန်ကုန်မြို့၊လှိုင်မြို့နယ်တွင်တည်ရှိသည့် MICT Park တွင် ဖွင့်လှစ်ထားသည့် သင်တန်းအားလုံးနီးပါး ယာယီပိတ်ထားပြီး အဆိုပါအဆောက်အဦတွင် ဖွင့်ထားသည့် ကုမ္ပဏီအချို့ လည်းး ပိတ်ထားကာ ဝန်ထမ်းများ အလှည့်ကျစနစ်ဖြင့် လာရောက်ဖွင့်လှစ်ကြောင်း MI CTDC (Myanmar ICT Development Cooperation) ၏ တာဝန်ရှိသူတစ်ဦးက မတ် ၃၀ ရက်တွင် ပြောသည်။

MICT Park အတွင်း ဖွင့်ထားသည့် သင်တန်းပေါင်း ၁၀ ခုနီးပါးရှိပြီ းကုမ္ပဏီပေါင်း 150 ကျော်ရှိကာ အခန်းပေါင်း သုံးရာကျော်ရှိကြောင်း သိရသည်။ အဆိုပါအဆောက်ဦတွင် ပြည်ပ နည်းပညာကုမ္ပဏီများလည်း ပါဝင်ကာ MICT Park တွင် Main Building အဆောက်ဦကြီးပါအဝင် အဆောက်ဦပေါင်း ၂၀ ကျော်ရှိသည်။ ပြည်တွင်းအခြေစိုက်နှင့် ပြည်ပအခြေစိုက်ပေါ်မူတည်ကာ ရုံးခန်းဌားရမ်းခ ပြောင်းလဲမှုရှိကြောင်း သိရသည်။

အခုထိတော့ MICT Park ကို ပုံမှန်အတိုင်းပဲ ဖွင့်ထားတယ် နောက်ပိုင်းတော့ဘယ်လို လာမလဲဆိုတာမသိဘူးဟု MICT Park ၏ တာဝန်ရှိသူ ဦးခွန်ဦးက ပြောသည်။

"သင်တန်းအားလုံးက ပိတ်သလောက်ဖြစ်သွားပြီ၊ ကုမ္ပဏီအချို့ပဲရှိတော့တယ်၊သူတို့လည်းဝန်ထမ်းတွေအ လှည့်ကျနဲ့လာဆင်းရတယ်၊ဒီလောက်ပဲ၊နောက်ပိုင်းတော့ဘယ်လိုဖြစ်လာမလဲဆိုတာမသိဘူးဟု CTDC (Myanmar ICT Development Cooperation) ၏တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် အိုင်စီတီလုပ်ငန်းများ တိုးတက်လာရန်အတွက် MICT Park အဆောက်အဦကြီးကို ၂၀၀၁ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး လက်ရှိတွင် အများပိုင်အဆောက်အဦတစ်ခုဖြစ်သည်။ပြည်တွင်းပြည်ပ နည်းပညာကုမ္ပဏီများရှိပြီးနည်းပညာနှင့် ပတ်သက်သည့်အလုပ်ရုံးဆွေးနွေးပွဲများနှင့်ကွန်ပျူတာသင်တန်းများ၊ ဆော့ဝဲလ် သင်းတန်းများနှင့် စက်ရုံပြိုင်ပွဲများကိုလည်း ကျင်းပကာ နည်းပညာနှင့်ပတ်သက်သည့် လုပ်ငန်းများစွာကို လုပ်ကိုင်နေသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး