COVID - 19 ကာကွယ်ရေး အသိပေးသည့် ကျေးရွာအုပ်ချုပ်ရေးမှူး ဓားထိုးခံရ

COVID - 19 ကာကွယ်ရေး အသိပေးသည့် ကျေးရွာအုပ်ချုပ်ရေးမှူး ဓားထိုးခံရ

ကျိုင်းတုံမြို့ ၊ဟိုနားအောက်ရွာတွင် COVID - 19 ကာကွယ်ရေးအသိပေးသည့် ကျေးရွာအုပ်ချုပ်ရေးမှူးကို ဓားဖြင့်ထိုးသူအား အမှုဖွင့်အရေးယူထားကြောင်း ယနေ့ဧပြီ ၁ ရက်တွင် ရဲတပ်ဖွဲ့ထံမှ သိရသည်။
 

မတ် ၃၀ ရက် ည ၇ နာရီခန့်တွင် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို၊့ဟိုနားအောက်ရွာ၌ ကျေးရွာအုပ်ချုပ်ရေးမှူး ဓားဖြင့်အထိုးခံရကြောင်းသတင်းအရ ကျိုင်းတုံမြို့မရဲစခန်းမှူးနှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။

ကျေးရွာလူကြီး ဦးအောင်မြင့်သန်း၅၅ နှစ်တွင် ဝမ်းဗိုက်ဘေးပွန်းခြစ်၊နောက်ကျောလက်ပြင်ပြတ်ရှဒဏ်ရာများရရှိခဲ့သည်။သက်ဆိုင်ရာ၏စုံစမ်းချက်အရ ကျေးရွာအတွင်း COVID - 19 ကာကွယ်ရေးနှင့် ပတ်သက်၍ ညအိပ်ညဉ့်နေဧည့်သည်များလာရောက်ပါက အကြောင်းကြားရန် ဆယ်အိမ်မှူးနှင့်အတူ တစ်အိမ်တက်ဆင်းလိုက်လံပြောဆိုနေစဉ် ဦးအောင်ဝင်း ၅၇ နှစ်နေအိမ်အရောက် ၎င်း၏အိမ်အတွင်း ဝင်ရောက်ပြောဆိုသည်ကိုမကျေနပ်သဖြင့် ဓားဖြင့်ထိုးခဲ့ခြင်း ဖြစ်သည်။

ကျိုင်းတုံမြို့မရဲစခန်းက (ပ)၂၆၂/၂၀၂၀၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၃၃ အရ အမှုဖွင့်ပြီး ကျူးလွန်သူကို ဖမ်းဆီးအရေးယူထားသည်။