သင်္ကြန်ပိတ်ရက်အတွင်း ပြည်သူများအိမ်ပြင်မထွက်ရန် တိုက်တွန်း

သင်္ကြန်ပိတ်ရက်အတွင်း ပြည်သူများအိမ်ပြင်မထွက်ရန် တိုက်တွန်း

သင်္ကြန်ပိတ်ရက်(၁၀)ရက်အတွင်း COVID-19 ကာကွယ်ရေးဆောင်ရွက်သူများမှအပ ကျန်ရှိသူများ အပြင်မထွက်ဘဲ မိမိတို့အိမ်၌သာနေကြရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဧပြီ၂ရက် ရက်စွဲပါ ညွှန်ကြားချက်တစ်စောင်ထုတ်ပြန်ပြီး တိုက်တွန်းပြော ကြားခဲ့သည်။

မိမိတို့မြို့နယ်တွင်းမှ ပြည်သူများကို သင်္ကြန်ပိတ်ရက်ကာလအတွင်း ဈေးဝယ်ချိန်မှလွဲ၍ အပြင်မထွက်ကြရန် ရန်ကုန်တိုင်းဒေသကြီး(၄၅)မြို့နယ်မှ သက်ဆိုင်ရာတာဝန်ရှိသူများအား အသိပေး အကြောင်းကြားခိုင်းထားခြင်းဖြစ်သည်။

“ရောဂါကူးစက်မှုကို ကာကွယ်ဖို့အတွက် သင်္ကြန်ကာလအတွင်း လမ်းပေါ်မှာ လူစုလူဝေးမဖြစ်ဖို့ အခုလို ဆုံးဖြတ်ခဲ့ကြတာပါ” ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ဆိုသည်။

ယခုထုတ်ပြန်ချက်အား ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ဒုတိယမြို့တော်ဝန် ဦးစိုးလွင်အား အသိပေးအကြောင်းမကြားရသေးကြောင်း ၄င်းက ထပ်လောင်းပြောကြားခဲ့သည်။

သင်္ကြန်ကာလအတွင်း လူစုလူဝေးဖြစ်စေမည့် အခမ်းအနား၊ ပွဲလမ်းသဘင်များကျင်းပခြင်း မပြုကြရန် မတ်လ အစောပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တားမြစ်ထားသည်။

မြန်မာနိုင်ငံတွင် COVID-19 ရောဂါကူးစက်မှု စတင်တွေ့ရှိသည့်အချိန်မှစ၍ ယခုချိန်ထိ ကူးစက်ခံရသူ ၂၀-ဦးခန့်ရှိနေပြီဖြစ်ပြီး တစ်ဦးသေဆုံးခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး