မန္တလေးတိုင်းဒေသကြီး မိုးကုတ် မြို့သို့ ပြည်တော်ပြန်နှင့် ပြည်တွင်းမှ ဝင်ရောက်လာသူများအား Facilities Quarantine နှင့် Home Quarantine ဖြင့် စောင့်ကြည့်သူ ဧပြီ ၄ ရက်အထိ စုစုပေါင်း ၈၈၅ ဦးရှိနေ ကြောင်းသိရသည်။
''အရင်ကတော့ နိုင်ငံခြားက ပြန် လာသူတွေကို ကျန်းမာရေးဝန်ကြီး ဌာနက Home Quarantine ထား ခိုင်းတာ။ အခုတော့ Trend ပြောင်းသွား တယ်။ သူတို့ကို Facilities Quarantine လုပ်ရဖို့ပါ။ မိုးကုတ်မှာ လက်ရှိအချိန်ထိ Quarantine Center ခြောက်ခုမှာ စုစုပေါင်း ၈၈၅ ဦး ရှိတယ်''ဟု မိုးကုတ်မြို့နယ် ကျန်းမာ ရေးဦးစီးဌာနမှ ဒေါက်တာထွန်းလင်း ကျော်က ပြောသည်။
မိုးကုတ်မြို့တွင် Facilities Quarantine Center များကို မတ် ၂၅ ရက်မှစတင်ဖွင့်လှစ်ခဲ့ပြီး ဓမ္မရံသီကျောင်း၊ ဖောင်တော်ဦးမင်္ဂလာတိုက်၊ ရွှေကူကြီး သိမ်ကုန်း၊ အထက (၁)၊ အလက(၁) ရှမ်းတော၊ အထက(၂) စသည့်နေရာ ခြောက်ခုတွင် ဖွင့်လှစ်ထားသည်။
''Facilities Quarantine ထား တဲ့အခါ သူတို့အတွက် စားသောက်မှု အတွက် ကော်မတီကအလှူခံပြီးဖြည့် ဆည်းပေးနေပါတယ်။ တစ်ကိုယ်ရေ သုံးဖြစ်တဲ့ သွားတိုက်တံ၊ ဆပ်ပြာကအစ အားလုံးလုပ်ပေးတယ်။ တချို့က ပြည် တွင်းတော့ ပြည်တွင်းပဲ။ နယ်စပ်က ပြန်လာပြီး မိသားစုနဲ့အတူပါလာလို့ ရပ်ကွက်ကလက်မခံတဲ့အတွက် Quarantine Center မှာထားရတယ်'' ဟု ၎င်းက ဆက်လက်ပြောသည်။ Home Quarantine ထားရှိသူ များသည် နေအိမ်ပြင်ပ ထွက်ခွာမှုမပြု ရသော်လည်း လိုက်နာမှုအားနည်း သည်ကိုတွေ့ရသည်ဟု ၎င်းက ပြော သည်။
















