ဘာစီလိုနာဒုဥက္ကဋ္ဌ ဂျော်ဒီကာဒိုနာ COVID-19 ဖြစ်နေဟု သတင်းများဆို

ဘာစီလိုနာဒုဥက္ကဋ္ဌ ဂျော်ဒီကာဒိုနာ COVID-19 ဖြစ်နေဟု သတင်းများဆို

ဘာစီလိုနာဒုဥက္ကဋ္ဌဖြစ်သူ ဂျော်ဒီ ကာဒိုနာမှာ ကူးစက်မြန် COVID-19 ဖြစ်နေကြောင်း စပိန်သတင်းစာ အယ်လ်မန်ဒိုဒီပို့တီဗိုက ဖော်ပြခဲ့သည်။ COVID-19 သည် လူတန်းစားမရွေးဘဲ  ကူးစက်နေရာ စပိန်ဘောလုံး အသိုင်းအဝိုင်း၌ ရာထူးကြီးပုဂ္ဂိုလ်များ နှင့် ကစားသမားအချို့မှာလည်း ကူး စက်ခံခဲ့ရပြီးဖြစ်သည်။

ဘာစီလိုနာဆေးဘက်ဆိုင်ရာဌာန ဒါရိုက်တာဖြစ်သူ ရာမွန်ကာနယ်နှင့် အသင်းဆရာဝန် ဂူတီရက်ဇ်တို့မှာလည်း COVID-19 ကူးစက်ခံခဲ့ရပြီး နောက် ဂျော်ဒီကာဒိုနာမှာ လွန်ခဲ့သည့် နှစ်ပတ်အတွင်း ဘာစီလိုနာအသင်း၌ တတိယမြောက် COVID ဖြစ်လာသူ ဖြစ်ခဲ့သည်။

သတင်းများ၏ ဖော်ပြချက်အရ ဂျော်ဒီကာဒိုနာသည် COVID-19 ကူးစက်ခံထားရသော်လည်း ကျန်းမာရေးကောင်းမွန်နေကြောင်း သိရသည်။ ဂျော်ဒီကာဒိုနာသည် ဆေးရုံသို့တက်ရောက်၍ ဆေးကုသခြင်းမရှိဘဲ နေအိမ်၌သာ ဆေးကုသမှုခံယူနေသည်။

ဘာစီလိုနာကစားသမားများ၏ လုပ်ခလစာလျှော့ယူမည့်ကိစ္စနှင့်ပတ် သက်၍ ဗီဒီယိုကွန်ဖရန့်ပြုလုပ်ခဲ့ရာ ကာဒိုနာအနေဖြင့် ဘာစီလိုနာဘုတ် အဖွဲ့ဝင်ဒါရိုက်တာများနှင့် အထိအတွေ့ ရှိခဲ့ကြောင်းလည်း သိရသည်။ ဘာစီ လိုနာအသင်းကမူ ဂျော်ဒီကာဒိုနာ၏ သတင်းကို တရားဝင်ထုတ်ပြန်ခြင်းမရှိ သေးပေ။

ဘာစီလိုနာသည် COVID-19 ကြောင့် မတ် ၁၃ ရက်မှစတင်၍ လေ့ ကျင့်ခန်းများနှင့် အားကစားလှုပ်ရှား မှုများကို ရပ်ဆိုင်းထားသည်။ လက်ရှိ တွင် ဘာစီလိုနာကစားသမားများ၌ COVID-19 ကူးစက်မှုမရှိပေ။



ဖတ်ရှုမှုအများဆုံး