COVID-19 ကူးစက်ခံရသည့် ရိမ်းစ်အသင်းဆရာဝန် ကိုယ့်ကိုယ်ကိုအဆုံးစီရင်

COVID-19 ကူးစက်ခံရသည့် ရိမ်းစ်အသင်းဆရာဝန် ကိုယ့်ကိုယ်ကိုအဆုံးစီရင်

COVID-19 ကူးစက်ခံရသော ပြင်သစ်လီဂူးကလပ် ရိမ်းစ်အသင်း ဆရာဝန်ဖြစ်သူ ဘားနက်ဒ်ဂွန်ဇာလက်ဇ် သည် ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ခဲ့ ကြောင်း ပြင်သစ်သတင်းစာ လီပါရီ ဆီယန်က ဖော်ပြခဲ့သည်။

ကလပ် အသင်းဆရာဝန် ဂွန်ဇာလက်ဇ်သည် အသက်(၆ဝ)အရွယ်ရှိပြီး COVID-19ကူးစက်ခံရ၍ သီးသန့်ထားရှိခြင်း ခံခဲ့ရသူဖြစ်သည်။ ဂွန်ဇာလက်ဇ်သည် ဧပြီ ၅ ရက်က သေတမ်းစာရေးသား၍ ကိုယ့်ကိုယ့်ကိုယ်အဆုံးစီရင်ခဲ့ခြင်းဖြစ်ကြောင်း ပြင်သစ်သတင်း များက ရေးသားခဲ့သည်။

ဂွန်ဇာလက်ဇ်သည် ရိမ်းစ်အသင်း ၌ လူချစ်လူခင်ပေါများသူဖြစ်ပြီး ၂၃ နှစ်ကြာအလုပ်လုပ်ကိုင်ခဲ့သူဖြစ်သည်။ ရိမ်းစ်အသင်းဥက္ကဋ္ဌ ဂျိမ်းပီရီကီရယ် လော့က ဂွန်ဇာလက်ဇ်သေဆုံးခဲ့သည် ကို ကြားသိရခြင်းမှာ အလွန်အမင်း စိတ်ထိခိုက်ကြေကွဲရကြောင်း ပြော ကြားခဲ့သည်။

ရိမ်းစ်မြို့တော်ဝန် အာနော့ရိုဘီ နက်က ¤င်း၏စိတ်အစဉ်မှာ ဂွန်ဇာ လက်ဇ်၏မိဘ၊ ဇနီးသည်နှင့် မိသားစုတို့ နှင့်အတူ တစ်သားတည်းရှိနေကြောင်း၊ ဂွန်ဇာလက်ဇ်မှာ ဂရိတ်ပရော်ဖက်ရှင် နယ်တစ်ဦးဖြစ်ဟု ဆိုခဲ့သည်။

ပြင်သစ်နိုင်ငံ၌ ကူးစက်မြန် COVID-19 ဖြစ်ပွားသူဦးရေ ၉ဝဝဝဝ ကျော်ရှိနေပြီး သေဆုံးသူ ၈ဝဝဝ ကျော် ရှိဟု သိရသည်။



ဖတ်ရှုမှုအများဆုံး