မန္တလေးမှ လူနာအမှတ် ၄  သုံးကြိမ်မြောက်စစ်ဆေးမှု Negative ထွက်သော်လည်း ကန်တော်နဒီ၌ ဆက်ထားဦးမည်

မန္တလေးမှ လူနာအမှတ် ၄  သုံးကြိမ်မြောက်စစ်ဆေးမှု Negative ထွက်သော်လည်း ကန်တော်နဒီ၌ ဆက်ထားဦးမည်

COVID-19 ပိုးတွေ့ရှိသည်ဆိုသော မန္တလေးမြို့မှ လူနာအမှတ်(၄)အား ပထမအကြိမ်နှင့် ဒုတိယအကြိမ် စစ်ဆေးစဉ် Positive ဖြစ်နေပြီး တတိယအကြိမ်နှင့် စတုတ္ထအကြိမ်တွင် စစ်ဆေးမှု ရလဒ်များအရ Negative အဖြေထွက်ခဲ့သော်လည်း မန္တလေးကန်တော် နဒီ ဆေးရုံ၌ ဆက်လက်၍ Facilities Quarantine ထားရှိမည်ဖြစ်ကြောင်း သိရသည်။

မန္တလေးဆေးရုံကြီး ဒုတိယဆေးရုံအုပ် ဒေါက်တာ ခင်ကျော်ထံ မြန်မာတိုင်းမ်က ဆက်သွယ်မေးမြန်းရာ Home Quarantine မဟုတ်ကြောင်း အတည်ပြုဖြေကြားခဲ့သည်။

“ကမ္ဘာ့ကျန်းမာရေးအဖွဲ့ သတ်မှတ်ချက်အရဆိုရင် နှစ်ကြိမ်ဆက်တိုက် Negative အဖြေရရှိတာဖြစ်တဲ့အတွက် လူနာကို ဆေးရုံဆင်းဖို့ သတ်မှတ်ချက်တွေနဲ့ကိုက်ညီပြီလို့ပြောလို့ရပါတယ်။ ဆေးရုံက ဆင်းလို့ရပြီဆိုပေမယ့် ကုသမှုပေးနေတဲ့ Clinical  Management Team ရဲ့ အဆုံးအဖြတ်တိုင်း ဆောင်ရွက်ရမှာပါ”ဟု ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၊ညွန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က ပြောသည်။ 

လက်ရှိအနေအထားတွင် အဆိုပါလူနာကို ကုသမှုဆောင်ရွက်ပေးနေသည့် မန္တလေးဆေးရုံကြီး၊ Clinical  Management Team က အဆိုပါလူနာနှင့် ပတ်သက်၍ ဆက်လက်လုပ်ဆောင်ရမည့် ကိစ္စများကို ဆုံးဖြတ်ဆောင်ရွက်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ခွင့်ပြုထားကြောင်းသိရသည်။

အဆိုပါလူနာတွင် ပိုးရှိကြောင်း(Positive )အဖြစ်မတ် ၂၇ ရက်နေ့က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကြေညာခဲ့ပြီးနောက် ကန်တော်နဒီတွင် Facilities Quarantine  အဖြစ်ထားရှိခဲ့ပြီးနာက် ဧပြီ ၂ ရက်နေ့က စတုတ္ထအကြိမ် စစ်ဆေးမှုတွင် Negative ဖြစ်နေကြောင်းတွေ့ရှိရပြီး ၎င်း၏ ဇနီးတွင်လည်း ပိုးမတွေ့ရဟု ဆိုသည်။

လူနာအမှတ်(၄)နေထိုင်ရာနယ်မြေမှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးမြင့်အောင်မိုးက” ပြည်ပနဲ့ နယ်စပ်က ပြန်လာတဲ့သူတွေကိုတောင် ၁၄ ရက် Contect Quarantine လုပ်နေတာပဲ။ခုလူနာက Negative ပြပေမယ့် သူ့ကို လည်း ၁၄ ရက်ပြည့်အောင်ကန်တော်နဒီမှာပဲ Facility ထားမယ့် သဘောဖြစ်ပါတယ်”ဟု ပြောသည်။

အဆိုပါလူနာကို ကန်တော်နဒီ၌ မတ် ၂၇ ရက်က စတင်၍ Facilities Quarantine ထားရှိကုသမှုပေးလျက်ရှိရာ ကျန်းမာရေးကောင်းမွန်နေပြီး လာမည့် ဧပြီ ၉ ရက်တွင် ၁၄ ရက်ပြည့်မည်ဖြစ်ကြောင်း၊ ၎င်းမှာ အမေရိကန် နိုင်ငံသား ခံယူထားသူဖြစ်၍ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာနေအိမ်တွင် နေထိုင်သူဖြစ်သဖြင့် အဆိုပါနေထိုင်ရာ ပတ်ဝန်းကျင်တွင် ပိုးသတ်ဆေးပက်ဖျန်းခြင်းစသည့် ကာကွယ်ထိန်းချုပ်မှုများ လုပ်ဆောင်ခဲ့ကြောင်းသိရသည်။

 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး