COVID-19 ကာလအတွင်း စီးရီးအေကစားသမားများ လစာ လျှော့ယူမည်

COVID-19 ကာလအတွင်း စီးရီးအေကစားသမားများ လစာ လျှော့ယူမည်

COVID-19 အကျပ်အတည်း ကာလအတွင်း စီးရီးအေကစားသမား များ၊ နည်းပြများနှင့်ဝန်ထမ်းများသည် လစာ သုံးပုံတစ်ပုံ လျှော့ယူမည်ဖြစ် ကြောင်း အီတလီသတင်းများက ဖော်ပြခဲ့သည်။

စီးရီးအေသည် ကစားသမားများ၏ လုပ်ခလစာလျှော့ချရန် ကိစ္စနှင့် ပတ်သက်၍ အီတလီကစားသမားများ အစည်းအရုံးနှင့်ညှိနှိုင်းမှု အဆင်မပြေ ဖြစ်ခဲ့ပြီးနောက် ယခုကဲ့သို့လစာလျှော့ယူရန် ဆုံးဖြတ်ချက်ကို ဧပြီ ၆ ရက်က ချမှတ်ခဲ့သည်။

စီးရီးအေသည် ဧပြီ ၆ ရက်က ကလပ်အသင်း ၂ဝ နှင့် ဗီဒီယို ကွန် ဖရင့်ပြုလုပ်ခဲ့ပြီးနောက် လစာလျှော့ယူရေးကို သတ်မှတ်နိုင်ခဲ့ခြင်းဖြစ်သည်။ သဘောတူညီမှုအရ ၂ဝ၁၉– ၂ဝ၂ဝ စီးရီးအေပြိုင်ပွဲမှာ ဆုံးခန်းတိုင်အောင် ကျင်းပဖြစ်ခဲ့ပါက ကစားသမားများမှာ လုပ်ခလစာ ၁၅ ရာခိုင်နှုန်းသာ လျှော့ချခံရမည်ဖြစ်ပြီး ဖျက်သိမ်းဖြစ်ခဲ့ပါက လစာ၏ ၃ဝ ရာခိုင်နှုန်းလျှော့ယူရ မည်ဖြစ်သည်။

ဂျူဗင်တပ်စ်ကစားသမားများမှာ လုပ်ခလစာလျှော့ယူမည့်ကိစ္စကို အစောပိုင်းကတည်းက အကောင်အထည်ဖော်ခဲ့ပြီး အသင်းထံမှ လေးလစာယူ မည်မဟုတ်ပေ။ COVID-19 ကြောင့် စီးရီးအေ ပြိုင်ပွဲမှာ လာမည့် မေ ၃ ရက်တိုင်အောင် ပြန်စရန် မသေချာသေးကြောင်း သိရသည်။

 



ဖတ်ရှုမှုအများဆုံး