လူစုလူဝေးဖြင့် အလှူမင်္ဂလာပွဲ ကျင်းပခဲ့သူကို  ထောင် ၆ လချ

လူစုလူဝေးဖြင့် အလှူမင်္ဂလာပွဲ ကျင်းပခဲ့သူကို  ထောင် ၆ လချ

ခင်ဦးမြို့နယ်တွင် လူစုလူဝေးဖြင့် အလှူမင်္ဂလာပွဲ ကျင်းပခဲ့သူကို  ဒေသန္တရအမိန့်မလိုက်နာမှူဖြင့် ထောင်ဒဏ် ၆ လအမိန့်ချမှတ်ခဲ့သည်။

မတ်လ ၂၆ နှင့် ၂၇ ရက်နေ့တို့တွင်ခင်ဦးမြို့နယ် လောင်းရှည်ကျေးရွာနေ  ဦးကျော်လွင်၊ဒေါ်ခင်မာဝင်းတို့က  တစ်ရွာတည်းနေ ဦးသိန်းမြင့် ၅၅ နှစ်နေအိမ်ဝင်းအတွင်း မဏ္ဍပ်ထိုး၍ အလှူပွဲပြုလုပ်ခဲ့သောကြောင့် ဧပြီ ၁ ရက် ညနေ ၃ နာရီတွင် ဒုတိယမြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးအောင်ကိုလတ်က ခင်ဦးမြို့မ ရဲစခန်း၌ အမှူဖွင့်တိုင်ကြားခဲ့သည်။

COVID-19 ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက်  ဒေသန္တရအမိန့်ထုတ်ပြန်ကာကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က လူစုလူဝေးဖြင့် အလှူမင်္ဂလာပွဲမပြုလုပ်ရန် တားမြစ်ပြောဆိုခဲ့သည့်အပေါ် ၎င်းတို့က ဖောက်ဖျက်ကျူးလွန်ခဲ့ခြင်းဖြစ်သည်။

တိုင်ကြားမှူကိုခင်ဦးမြို့မရဲစခန်းက (ပ)၁၃၂/၂၀၂၀၊ သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှူ ဥပဒေပုဒ်မ-၃၀(က) အရ အမှုဖွင့်ခဲ့ပြီး မြို့နယ်တရားရုံးသို့တရားစွဲဆိုတင်ပို့၍ ရာဇသတ်ကြီးအမှူအမှတ်- ၁၃၂/၂၀၂၀ ဖြင့်  လက်ခံစစ်ဆေးခဲ့ကာဧပြီ ၇ ရက်ညနေ ၄ နာရီတွင် တရားရုံးကထောင်ဒဏ် ၆ လ အမိန့်ချမှတ်ခဲ့သည်။