ထောက်ပံ့ပေးသည့် ဆန်ဝေရန် စာရင်းပြုစုနေသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဓါးဖြင့်ထိုးခံရ

ထောက်ပံ့ပေးသည့် ဆန်ဝေရန် စာရင်းပြုစုနေသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဓါးဖြင့်ထိုးခံရ

စလင်းမြို့နယ်မြို့နယ်တွင် Covid -19  ရောဂါကာကွယ်ထိန်းချုပ်ရေးကာလအတွင်း နိုင်ငံတော်က ထောက်ပံ့ပေးသည့် ဆန်ဝေရန်အတွက် စာရင်းပြုစုနေသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဓါးဖြင့်ထိုးခံရမှုကို အရေးယူထားကြောင်း ဧပြီ ၁၀ ရက်နေ့ တွင် ရဲတပ်ဖွဲ့မှသိရသည်။

ဧပြီ ၉ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် မင်းဘူးခရိုင်၊ စလင်းမြို့ စာစီကျောင်းရပ်ကွက် အုပ်ချုပ်ရေးးမှူး ဦးမင်းခိုင် (၄၆) နှစ်က Covid 19 အတွက် ကာကွယ်ရန် နှာခေါင်းစည်းတပ်ကာ နိုင်ငံတော်မှ ထောက်ပံ့ပေးသည့် ဆန်များအား အိမ်ထောင်စုများသို့ ဝေရန် စာရင်းပြုစုနေစဉ် န အောင်ထွန်းငွေသည် အရက်သေစာသောက်စားပြီး ဦးမင်းခိုင်၏ နှာခေါင်း စည်းကို ဆွဲချွတ်ခဲ့သည်။

ဦးမင်းခိုင်က လူအများကြားဖြစ်၍ မလုပ်ရန်နှင့် ပြန်တော့ဟုပြောဆိုရာ အောင်ထွန်းဝေက ညစ်ညမ်းစွာ ဆဲဆိုပြန်သွားပြီးနောက် အဆိုပါရပ်ကွက်ရုံးအတွင်း ပြန်ဝင်လာကာ အသင့်ပါလာသော အရိုးအသွား ၁ ပေခွဲခန့်ရှိ ဓါးဦးချွန်ဖြင့် ဦးမင်းအား ထိုးခဲ့သဖြင့် ဦးမင်းခိုင်တွင် နောက်ကျောထိုးသွင်းဒဏ်ရာ တစ်ချက်ရရှိခဲ့သည်။

စလင်းမြို့မ ရဲစခန်းက (ပ)၃၇၉/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၃၃/၅၀၆/၂၉၄ အရ အမှုဖွင့်ကာ အောင်ငွေထွန်း (၃၅ နှစ်) ကို ဖမ်းဆီး စစ်ဆေးလျက်ရှိသည်။