စစ်ကိုင်းတွင် အခြေခံလူတန်းစားအိမ်ထောင်စု လေးသိန်းကျော်ကို စားသောက်ကုန်ငါးမျိုး ထောက်ပံ့

စစ်ကိုင်းတွင် အခြေခံလူတန်းစားအိမ်ထောင်စု လေးသိန်းကျော်ကို စားသောက်ကုန်ငါးမျိုး ထောက်ပံ့

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်မှချမှတ်သည့် စားသောက်ကုန်ထောက်ပံ့ရေးအစီအစဉ်အဖြစ် အကောင်အထည်ဖော်လျက်ရှိရာ တိုင်းဒေသကြီးအတွင်း အခြေခံလူတန်းစား  အိမ်ထောင်စုပေါင်း ၄၄၂ ၇၀၅ အတွက် ဧပြီ၁၀ ရက်မှ စတင်ထောက်ပံ့ပေးနေကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စီမံ/ဘဏ္ဍာဝန်ကြီးဦးစိုးဦးက ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ် ၃၇ ခုရှိရာ ပထမဆုံးအနေဖြင့် ယမန်နေ့က မြို့နယ် ၄ ခုတွင် စတင်ဖြန့်ဝေနေပြီး ထောက်ပံ့ပစ္စည်းရောက်ရှိလာသည့်ပေါ် မူတည်၍ ကျန်မြို့နယ်များတွင် ဆက်လက်ထောက်ပံ့ဝေငှ ခြင်းဖြစ်သည်ဟု ဆိုသည်။

“၁၀ရက်လောက်တွင်းမှာ အခြေခံစားသောက်ကုန်အနေနဲ့ မပူရတော့ဘဲ အဆင်ပြေသွားမယ်။ထောက်ပံ့ပေးတာက ဝင်ငွေနည်းပြည်သူတွေပါ။ခုလို အလုပ်အကိုင်
ရပ်တံ့ချိန်မှာ နိုင်ငံတော်က ပံ့ပိုးပေးတဲ့ အတွက်ကျေနပ်မှူရှိတယ်။အဲဒီလိုလုပ်ပေးလို့ COVID-19  ကြိုတင်ကာကွယ်ရေးလုပ်ငန်းမှာ တစ်ဖက်တစ်လမ်းက အထောက်အကူ ပြုနိုင်ပါတယ်”ဟု ၎င်းက ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အခြေခံလူတန်းစားအိမ်ထောင်စုတစ်စုလျှင် ဆန် ၈ ပြည်၊ဆီ ၅၀ ကျပ်သား၊ဆား ၅၀ ကျပ်သား ၊ပဲတစ်ပိဿာ၊ ကြက်သွန်တစ်ပိဿာ စုစု
ပေါင်းစားသောက်ကုန် ငါးမျိုးဖြစ်ပြီးစစ်ကိုင်းမြို့နယ်၊ ယင်းမာပင် မြို့နယ်၊ရွှေဘိုမြို့နယ်နှင့် မုံရွာမြို့နယ်တို့တွင် စတင်ဝေငှခဲ့ရာ ကျန်မြို့နယ်များတွင် ဆက်လက်ဝေငှနေပြီဖြစ်သည်။

“တန်ဖိုးနည်းသည်များသည်ဖြစ်စေ၊မရတာနဲ့စာရင်တစ်ဖက်တစ်လမ်းက အထောက်အကူပြုပေးတာပါ။ အိမ် ထောင်စုရွေးချယ်ရာမှာ ရပ်/ကျေးအုပ်ချုပ် ရေးမှူးတွေက ရပ်မိရပ်ဖနဲ့ လူမှုရေးအဖွဲ့တွေနဲ့တိုင်ပင်ပါတယ်။မပါလို့ ပြောတဲ့ သူ၊မနာလိုလို့ ပြောတဲ့သူ အမျိုး မျိုးရှိတယ်။အောက်ခြေမှာက အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်နေတာပါ”ဟုစစ်ကိုင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ထွန်းက ပြောသည်။

စစ်ကိုင်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စုပေါင်း ၁၁၀ ၌ ပုံမှန်ဝင်ငွေမရှိသူအိမ်ထောင်စုပေါင်း ၃၇၅၂၂ စာရင်းရှိပြီး ဧပြီ ၁၀ ရက်မနက် ၈ နာရီမှစတင်ကာ စစ်ကိုင်းမြို့ပေါ် ၂၃ ရပ်ကွက်တွင် ထောက်ပံ့ဝေငှခဲ့၍ နောက်ရက်များတွင် ကျန်ရှိသော ရပ်ကွက်/ကျေးရွာများသို့ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး