မန္တလေးမှ COVID-19 ရောဂါပိုးတွေ့ လူနာအမှတ် ၄ နှင့် ဇနီးဖြစ်သူတို့ကို ဆေးရုံဆင်းခွင့်ပေး

မန္တလေးမှ COVID-19 ရောဂါပိုးတွေ့ လူနာအမှတ် ၄ နှင့် ဇနီးဖြစ်သူတို့ကို ဆေးရုံဆင်းခွင့်ပေး

မန္တလေးချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာတိုက်ခန်းအမှတ် ၆ မှ ၃၃ နစ်အရွယ် COVID-19 ရောဂါပိုးတွေ့လူနာ အမှတ် ၄ နှင့် ဇနီးဖြစ်သူတို့ကို ကန်တော်နဒီသီးသန့်ဆေးရုံမှ ဆင်းခွင့်ပေးခဲ့ပြီး နဒီမြန်မာဟိုတယ်တွင် Facility Quarantine ဖြင့် ဆက်လက်စောင့်ကြည့်နေကြောင်း သိရသည်။

ပိုးတွေ့လူနာအား ၄ ကြိမ်ဓါတ်ခွဲစစ်ဆေးမှုတွင် ၂ ကြိမ် Negative အဖြေရရှိခဲ့ပြီး အလားတူ ၎င်း၏ဇနီးတွင်လည်း ဓါတ်ခွဲစစ်ဆေးမှုအရ ပိုးမတွေ့သောကြောင့် ဧပြီလ ၁၀ ရက်နေ့က ဆင်းခွင့်ရခဲ့သည်ဟု သိရသည်။

"Positive ကနေ Negative ဖြစ်သွားသူနဲ့ သူ့အမျိုးသမီးကို နဒီမြန်မာဆေးရုံမှာ Facility Quarantine ဆက်ထားပါတယ်။ကျွန်မတို့ရဲ့ Treatment Guideline အတိုင်း လုပ်ဆောင်တာဖြစ်ပါတယ်။ တခြား မိသားစုဝင်တွေကိုလည်း အိမ်ပြန်ခွင့်ပေးလိုက်ပြီ"ဟု မန္တလေးဆေးရုံကြီးမှ ဆေးရုံအုပ် ဒေါ်စုစုဒွေးက ပြောသည် ။

အဆိုပါ ပိုးတွေ့လူနာအမှတ် ၄ သည် မတ် ၁၉ ရက်တွင် အမေရိကန်မှ ရန်ကုန်သို့ ညနေ ၆ နာရီခန့်က ရောက်ရှိခဲ့၍ ၂၀ ရက်နေ့တွင် မန္တလေးသို့ ခိုင်မန္တလေးခရီးသည်တင်ယာဉ်ဖြင့် ထွက်ခွာခဲ့ပြီး မန္တလေး ကျွဲဆည်ကန် ကားကွင်းမှ နေအိမ်သို့ သုံးဘီးယာဉ်ဖြင့် ရောက်ရှိခဲ့သည်။

မတ် ၂၂ ရက်နေ့မှစ၍ ဖျားခြင်း၊ချောင်းဆိုးခြင်းမောပန်းခြင်းလက္ခဏာ များခံစားခဲ့ရသဖြင့် မတ် ၂၅ ရက်တွင် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ လာရောက် ပြသခဲ့ရာ ကန်တော်နဒီဆေးရုံသို့ လွှဲပြောင်း၍ သီးသန့်စောင့်ကြည့်လူနာအဖြစ်ထားရှိခဲ့ပြီး ဓါတ်ခွဲစစ်ဆေးမှုအရ ပိုးတွေ့ရှိကြောင်း အဖြေထွက်ခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး