COVID-19 ကာလအတွင်း လာလီဂါကလပ်များအနက် ဆိုစီဒက်အသင်းလေ့ကျင့်ခန်း ပြန်စမည်

COVID-19 ကာလအတွင်း လာလီဂါကလပ်များအနက် ဆိုစီဒက်အသင်းလေ့ကျင့်ခန်း ပြန်စမည်

COVID-19 အကျပ်အတည်းကာလအတွင်း စပိန်လာလီဂါပြိုင်ပွဲဝင် အသင်းများအနက် ဆိုစီဒက်အသင်းမှာ လေ့ကျင့်ခန်းများပြန်လည်ပြုလုပ်မည့်ပထမဆုံးကလပ်ဖြစ်လာမည်ဖြစ်ပြီးလာမည့် ဧပြီ ၁၄ရက်၌ လေ့ကျင့်ခန်းစတင်တော့မည်ဖြစ်ကြောင်း သိရသည်။

ဥရောပနိုင်ငံများထဲတွင်စပိန်နိုင်ငံမှာ COVID-19 ဒဏ်အခံရဆုံးစာရင်းဝင်နေကာ ကူးစက်မှုမထိန်းချူပ်နိုင်သေးပေ။

COVID-19 ကြောင့် စပိန်လာလီဂါပြိုင်ပွဲများကိုရွှေ့ဆိုင်းထားရပြီး မည်သည့်အချိန်တွင်ပြန်လည်စတင်ရန်မှာ အတိအကျ မသိရသေးပေ။ ဘတ်စ်ဒေသအခြေစိုက်ဆိုစီဒက်ကစားသမားများသည်COVID-19 ကြောင့် တစ်လကျော်ခန့် သီးသန့်နေထိုင်ခဲ့ပြီးနောက် လက်ရှိအချိန်တွင်လေ့ကျင့်ခန်းပြန်လည်ပြုလုပ်ရန် အဆင်သင့်ဖြစ်နေပြီဟု သိရသည်။

ဆိုစီဒက်အသင်းကစားသမားများသည်COVID-19 ကာကွယ်သည့်အနေဖြင့် လေ့ကျင့်
ခန်းပြန်လည်စတင်ရာတွင် အုပ်စုဖွဲ့လေ့ကျင့်မှုများကို ရှောင်ရှားမည်ဖြစ်ပြီး တစ်ဦးချင်းသော်လည်းကောင်း၊အုပ်စုငယ်ဖွဲ့၍သော်လည်းကောင်းလေ့ကျင့်မည်ဖြစ်သည်။ ကစားသမားအချို့အနေဖြင့်Social Distancing ကိုလိုက်နာမည်ဆိုပါကလည်း လေ့ကျင့်ခန်း၌ ပူးပေါင်းစရာမလိုဘဲနေအိမ်၌လေ့ကျင့်နိုင်ကြောင်းဆိုစီဒက်အသင်းက အကြံပြုထားသည်။

ဆိုစီဒက်ကစားသမားများသည် COVID-19ကြောင့် ယခုနှစ်ရာသီ ပြီးဆုံးအောင်မကျင်းပနိုင်ပါက လစာ ၂၀ ရာခိုင်နှုန်းလျှော့ယူရန်
သဘောတူညီထားသည်။

ဧပြီ ၁၂ ရက်အထိစပိန်နိုင်ငံတွင် COVID-19 ကူးစက်သူ ၁၆၀၀၀၀ကျော်ရှိနေပြီး သေဆုံးသူ ၁၆၀၀၀ ကျော်ရှိနေသည်။



ဖတ်ရှုမှုအများဆုံး