ဖရန့်ဖတ်ကွင်းလယ်လူတစ်ဦးဖြစ်သူဂယ်လ်ဆန်ဖာနန်ဒက်စ်က ကစားသမားများအနေဖြင့်လေ့ကျင့်ခန်းပြန်လည်ဆင်းနိုင်သည်မှာ ကံကောင်းကြောင်းနှင့် COVID-19ကြောင့် ရွှေ့ဆိုင်းထားရသောဘွန်ဒက်စ်လီဂါပြိုင်ပွဲမှာလာမည့်မေလနှောင်းပိုင်းတွင် ပြန်စနိုင်မည်ဟု ထင်မြင်မိကြောင်း ဘီဘီစီသို့ ထုတ်ဖော်ပြောကြားခဲ့သည်။
ကူးစက်မြန်COVID-19 ကြောင့် ဥရောပထိပ်တန်းလိဂ် ၅ခုစလုံးရွှေ့ဆိုင်းထားရပြီး ဗိုင်းရပ်စ်ထိန်းချူပ်နိုင်မှုအခြေအနေအရသာပွဲများပြန်လည်စတင်ကစားနိုင်ရေး သတ်မှတ်နိုင်မည်ဖြစ်သည်။
ဥရောပထိပ်တန်းလိဂ် ၅ခုအနက် ဘွန်ဒက်စ်လီဂါကလပ်များမှာကျန်းမာရေးစည်းကမ်းချက်များကို လိုက်နာ၍ ကိုယ်ပိုင်အစီအစဉ်ဖြင့် လေ့ကျင့်ခန်းများ ပြန်လည်ပြုလုပ်နေပြီဖြစ်သည်။
COVID-19 အကျိူးဆက် အနေဖြင့်ဘွန်ဒက်စ်လီဂါပြိုင်ပွဲကို မတ် ၁၃ ရက်မှစ၍ ရွှေ့ဆိုင်းထားရာ လာမည့် ဧပြီ ၃၀ ရက်မတိုင်မီအထိ ပြန်ကစားနိုင်ဦးမည်မဟုတ်ပေ။
မန်စီးတီးအသင်း၌လည်း ပါဝင်ကစားခဲ့ဖူးသော အသက် ၃၃နှစ်အရွယ်ဆွစ်ဇာလန်ကစားသမား
ဖာနန်ဒက်စ်က''ကျွန်တော်တို့လေ့ကျင့်ရေးကွင်းကိုပြန်ရောက်တဲ့အချိန် တံခါးပိတ်လေ့ကျင့်ဖြစ်မှာပါ။ကျွန်တော့်အထင် ပြောရရင် ဘွန်ဒက်စ်လီဂါပွဲတွေကို မေလနှောင်းပိုင်းမှာ ပြန်စနိုင်မှာပါ။ ဘောလုံး
ကွင်းထဲပြန်လာနိုင်တာကနှစ်လိုစရာပါ။ဒါပေမယ့်သတိတော့ထားရတယ်။ လက်ဆေးတာအပါအဝင်
အစစအရာရာ သတိထားနေရတယ်။ ဘာပဲပြောပြောပြန်လေ့ကျင့်နိုင်တာက ကံကောင်းပါတယ်''ဟုဆိုသည်။
ဖရန့်ဖတ်အသင်းကစားသမား ၄ ဦးတွင်COVID-19 ဖြစ်နေ၍
၁၄ရက်သီးသန့်ထားရှိစောင့်ကြည့်ထားရသည်ဟု ဖာနန်ဒက်စ်က ပြောသည်။
COVID-19 ကြောက်ရ၍ ဖရန့်ဖတ်ကစားသမားများမှာ အုပ်စုငယ်ဖွဲ့၍သာ လေ့ကျင့်ပြီး တစ်ဦးနှင့်တစ်ဦး ထိတွေ့မှုမရှိဘဲ ဘောလုံးပေးပို့မှုနှင့်ကန်သွင်းမှုကိုသာ အဓိက လေ့ကျင့်နေသည်။
ဂျာမနီနိုင်ငံတွင် ဧပြီ ၁၂ ရက်ထိ COVID-19ကူးစက်သူ ၁၂၀၀၀ကျော်ရှိပြီး ၂၈၀၀ ကျော်သေဆုံးခဲ့ပြီးဖြစ်သည်။















