စပါးကွင်းလယ်လူဒယ်လီအယ်လီ ၂၄ နှစ်ပြည့်မွေးနေ့ပါတီကို ထူးဆန်းကစားနည်းများဖြင့် ကျင်းပ

စပါးကွင်းလယ်လူဒယ်လီအယ်လီ ၂၄ နှစ်ပြည့်မွေးနေ့ပါတီကို ထူးဆန်းကစားနည်းများဖြင့် ကျင်းပ

အင်္ဂလန်နှင့်စပါးကွင်းလယ်ကစားသမားဒယ်လီအလီသည် COVID-19ကြောင့်နေအိမ်၌သာ နေထိုင်ရစဉ် အတောအတွင်း ၂၄ နှစ်ပြည့်မွေးနေ့ပါတီကို ထူးဆန်းကစားနည်းများဖြင့် ကျင်းပခဲ့ကြောင်း ဗြိတိန်သတင်းစာ ဒေးလီးမေးလ်ကဖော်ပြခဲ့သည်။

အင်္ဂလန်ပရီးမီးယားလိဂ်နာမည်ကြီးကစားသမားများသည် COVID-19 ကြောင့် အိမ်၌သာနေထိုင်ကာဘောလုံးလေ့ကျင့်မှုများကိုလည်း အိမ်တွင်ပြုလုပ်နေရကာ အယ်လီလည်းတစ်ယောက်အပါအဝင် ဖြစ်နေသည်။

ကမ္ဘာကျော်ဘောလုံးသမားများ၏ မွေးနေ့၌ မြည်းကိုအမြီးတပ်သည့်ကစားနည်းနှင့်မိမိကိုယ်ကိုယ်ခြေလိမ်ခေါက်ချိုးသည့်ကစားနည်းမျိုးဖြင့် ကျင်းပမည်ဟု မထင်မှတ်ရသော်လည်း အယ်လီမှာ ဧပြီ ၁၁ ရက်၌ ကျရောက်သော ၂၄နှစ်ပြည့်မွေးနေ့ကိုယင်းကစားနည်းများဖြင့်တစ်ကိုယ်တော်ကျင်းပခဲ့ရခြင်းဖြစ်ကြောင်းဒေးလီးမေးလ်က ရေးသားခဲ့သည်။

အယ်လီသည် COVID-19ကြောင့်နေအိမ်၌ သီးခြားနေရသည့်နေ့ရက်များကို Follower ခုနစ်သန်းရှိသည့် ကိုယ်ပိုင်အင်စတာဂရမ်တွင်မျှဝေလျက်ရှိသည်။အယ်လီသည်အင်စတာဂရမ်၌တင်ခဲ့သော မွေးနေ့ပါတီပုံများတွင် ´Isolation birthday#stayhome`ဟုခေါင်းစဉ်တပ်ခဲ့သည်။

အယ်လီသည်မွေးနေ့၌ ပါတီဦးထုပ်ကိုဆောင်းကာ အသားများကင်ခဲ့သလို ယမကာမှှီဝဲခဲ့သည်ကို တွေ့မြင်ခဲ့ရသည်။လက်ရှိအချိန်တွင် COVID-19ကြောင့်အင်္ဂလန်ပရီးမီးယားလိဂ်ကို ရပ်နားထားရာ အစောဆုံးအနေဖြင့် လာမည့် ဧပြီ ၃၀ရက်ထိတိုင် ပြန်လည်ကစားနိုင်မည်မဟုတ်ပေ။
ဗြိတိန်၌ ဧပြီ ၁၂ရက်ထိ COVID-19 ကူးစက်သူ ၇၈၀၀၀ကျော်ရှိနေကာ သေဆုံးသူ ၉၈၀၀ကျော်  ရှိနေသည်။



ဖတ်ရှုမှုအများဆုံး