မူဆယ်တွင် သင်္ကြန်အကြိုနေ့ညက ဗုံးပေါက်ကွဲ
ရှမ်းပြည်နယ် မူဆယ်မြို့ ရဲစခန်းအနီးတွင် သင်္ကြန်အကြိုနေ့ ဧပြီ ၁၂ ရက်ည ၁၀နာရီခွဲဝန်းကျင်က MPT ဖုန်းဆိုင်၌ ဗံုံးပေါက်ကွဲမှူဖြစ်ပွားခဲ့ပြီး အဆောက်အဦနှင့်အနီးရှိ အိမ်စီးကား ၂ စီး ထိခိုက်ပျက်စီးခဲ့ကြောင်း ကနဦးသတင်းများအရ မူဆယ်မြို့ခံတစ်ဦးထံမှ သိရသည်။
“လူထိခိုက်မှူမရှိပါဘူး။ဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့နဲ့ တာဝန်ရှိသူတွေအပြင် လူမှူရေးအသင်းတွေ ရောက်လာတယ်။ညတွင်းချင်းလုံခြုံရေးယူထားလိုက်ပါပြီ”ဟု မျက်မြင်တွေ့သူ ကိုမိုင်းညီမောင်ဦးက ပြောသည်။
ဖြစ်စဉ်ကြောင့် ဒေသအုပ်ချုပ်ရေးအဖွဲ့များ၊ ရဲတပ်ဖွဲ့များရောက်ရှိစစ်ဆေးမှုများလုပ်ဆောင်၍ ညတွင်းချင်းလုံခြုံရေးယူထားကာ MPT ဖုန်းဆိုင်ဟု ကနဦးသိရှိရပြီး ညအချိန်ဖြစ်သောကြောင့် ပေါက်ကွဲသံကျယ်လောင်စွာကြားရသဖြင့် ထိတ်လန့်မှုများရှိခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

















