အာဆင်နယ်အသင်းအာတီတာသည်အသင်းမှထွက်ခွာ နိုင်ခြေများနေသော ဂါဘွန်တိုက်စစ်မှုး အော်ဘာမီယန်၏နေရာ၌ အစားထိုးရန် ရီးရဲလ်မက်ဒရစ်မှ ဆားဘီးယား တိုက်စစ်မှုး လူကာဂျိူဗစ်ကို အလိုရှိနေကြောင်း စပိန်သတင်းစာ အေအက်စ်က ဖော်ပြခဲ့သည်။
အာဆင်နယ်အဓိကတိုက်စစ်မှုး အော်ဘာမီယန်သည် လာမည့်နှစ်နွေရာသီ တွင် အာဆင်နယ်နှင့် စာချူပ်သက်တမ်းကုန်ဆုံးမည် ဖြစ်ပြီး လန်ဒန်ကလပ်ကို စွန့်ခွာတော့မည်ဖြစ်ကြောင်း ခန့်မှန်းသတင်းများ ထွက်ပေါ်နေသည်။
ထို့ကြောင့် အာဆင်နယ်သည် အသင်းတိုက်စစ်၌ကစားသမားတစ်ဦးနှင့် အစားထိုးရမည်ဖြစ်ရာ နည်း ပြအာတီတာ၏ ပစ်မှတ်တိုက်စစ်မှုးမှာ လူကာဂျိူဗစ်ဖြစ်ဟု အေအက်စ်က ရေးသားခဲ့သည်။
အသက် ၂၂ နှစ်အရွယ် ဆားဘီးယားတိုက်စစ်မှုး ဂျိူဗစ်သည် ပြီးခဲ့သည့်နွေက ဖရန့်ဖတ်မှ ပြောင်းရွှေ့ကြေးယူရိုသန်း ၆၀ ဖြင့် ရီးရဲလ်မက်ဒရစ်သို့ပြောင်းရွှေ့လာ သူုဖြစ်သည်။ ဂျိူဗစ်သည် ဖရန့်ဖတ်၌ ဂိုးများဒိုင်ခံသွင်းယူခဲ့သော်လည်း ရီးရဲလ်တွင် ခြေစွမ်းပြရန်ရုန်း ကန်နေရပြီး နေရာပျောက်ဆုံးနေသည်။
ဂျိူဗစ်သည်နည်းပြဇီဒန်းလက်အောက်၌ လာလီဂါ လေးပွဲသာ ပွဲထွက်ကစားခွင့်ရခဲ့ပြီး မာရီယာနိုဒီယက်ဇ်ထက်ပင် နေရာရခြင်း မရှိပေ။
ဂျိူဗစ်သည် ရီးရဲလ်ကစားသမားဘဝ နှစ်ဂိုးသာ သွင်းယူထားပြီး ဂိုးဖန်တီးမှု နှစ်ကြိမ်ပြုလုပ်ထား သည်။ အာဆင်နယ်သည် လူကာဂျိူဗစ်ကို ခေါ်ယူရန်အခြားဥရောပအသင်းများနှင့် ပြိုင်ဆိုင်ရမည်ဖြစ်သည်။ စီးရီးအေ ကလပ် နာပိုလီမှာ ဂျိူဗစ်ကိုခေါ်ယူ ရန်စိတ်ဝင်စားနေပြီး ဂျိူဗစ်၏ အေးဂျင့်မှာ နေပယ်လ်ကလပ်နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိကြောင်း သိရသည်။















