မန်ယူသည် အပြောင်းအရွှေ့၌ အသင်း၏ထိပ်တန်းပစ်မှတ် အင်္ဂလန်ကစားသမား ဆန်ချိုကို အခြားဥရောပအသင်းကြီးများနှင့်အပြိုင် ခေါ်ယူရန်မတက်စွမ်းနိုင်ခဲ့ပါက ဗလင်စီယာမှ ဖာရန်တောရက်စ်ကို ခေါ်ယူရန် ကြိုးစားလိမ့်မည် ဖြစ်ကြောင်း အီးအက်စ်ပီအန်က ဖော်ပြခဲ့သည်။
မန်စီးတီး၌ကစားခဲ့ဖူးသော ဆန်ချိုသည် ဒေါ့မွန်တွင်အကောင်းဆုံးခြေစွမ်းပြ ကစားနေပြီး ဥရောပအသင်း ကြီးများ၏ စိတ်ဝင်စားခြင်းကို ခံနေရသည်။ဒေါ့မွန်သည် အဓိကကစားသမား ဆန်ချိုကို ဈေးပေါပေါ ဖြင့် ရောင်းချရန်ဆန္ဒမရှိ၍ အင်္ဂလန်သား၏ ပြောင်းရွှေ့ကြေးမှာ မြင့်မားနေသည်။
ထို့ကြောင့် မန်ယူ သည် ဆန်ချိုကို အသင်းထံအရခေါ်ရန်မှာ ပြောင်းရွှေ့ကြေးမြင့်မားစွာ အသုံးပြုရမည်ဖြစ်ပြီး အသင်း ကြီးများနှင့် ပြိုင်ဆိုင်ရမည်ဖြစ်သည်။
မန်ယူအသင်း ပစ်မှတ်ဖြစ်လာမည့် တောင်ပံကစားသမား ဖာရန်တောရက်စ်မှာ အသက် ၂၀အရွယ်သာ ရှိသေးပြီး ဗလင်စီယာနှင့် ခြေစွမ်းပြ ကစားနေသူဖြစ်သည်။
စပိန်ကစားသမားလည်းဖြစ်သူ တောရက်စ်သည် ဗလင်စီယာနှင့် ချုပ်ဆိုထားသောစာချုပ်အရ လာမည့် ၂၀၂၁ ခုနှစ်အထိသက် တမ်းရှိနေပြီး စာချုပ်လျော်ကြေးမှာ ယူရိုသန်း ၁၀၀ ဖြစ်ကြောင်းသိရသည်။ တောရက်စ်အား ရီးရဲလ်မက်ဒရစ်နှင့် ဘာစီလိုနာအသင်းတို့က ခေါ်ယူရန်စိတ်ဝင်စားခဲ့ကြောင်း အေအက်စ်သတင်းစာက ဖော်ပြခဲ့ ဖူးသည်။
တောရက်စ်သည် ပြီးခဲ့သည့် ၂၀၁၇ခုနှစ် နိုဝင်ဘာက ဗလင်စီယာနှင့် စတင်ပွဲထွက်ခဲ့ပြီးပွဲပေါင်း ၈၀ ကစားထားသည်။တောရက်စ်သည် ပြီးခဲ့သည့်နှစ်က ကျင်းပခဲ့သော ဥရောပယူ-၁၉ချန်ပီယံရှစ်၌ ခြေစွမ်းပြခဲ့ပြီး ပေါ်တူဂီကို နှစ်ဂိုးပြတ်အနိုင်ရသည့်ပွဲ တွင်း ဂိုးများသွင်းခဲ့သူဖြစ်သည်။
ဥရောပအသင်းကြီးများ၏ စိတ်ဝင်စားမှုကို ခံနေရသည့်တိုင် တောရက်စ်ကို ဆက်ထိန်းနိုင်မည်ဟု ဗလင်စီယာက ယုံကြည်နေသည်။















