COVID-19ကြောင့် ပြောင်းရွှေ့ကြေးမပါဝင်ဘဲ မာတီနက်ဇ်နှင့် ဂရစ်ဇ်မန်းတို့ကို လဲလှယ်ရန် အင်တာမီလန် စိတ်ဝင်စား

COVID-19ကြောင့် ပြောင်းရွှေ့ကြေးမပါဝင်ဘဲ မာတီနက်ဇ်နှင့် ဂရစ်ဇ်မန်းတို့ကို လဲလှယ်ရန် အင်တာမီလန် စိတ်ဝင်စား

အင်တာမီလန်အသင်းတာဝန်ရှိသူများသည် ဘာစီလိုနာမှ ခေါ်ယူရန်အထူးစိတ်ဝင်စားနေ သော အာဂျင်တီးနားတိုက်စစ်မှူး မာတီနက်ဇ်နှင့် ပြင်သစ်တိုက်စစ်မှူး ဂရစ်ဇ်မန်းတို့ကို ပြောင်းရွှေ့ကြေးမပါဝင်ဘဲ တိုက်ရိုက်အလဲအထပ်လုပ်ရန် စိတ်ဝင်စားလျက်ရှိကြောင်း ဂေဇက်တာဒယ်လိုစပို့စ်မှ ဖော်ပြခဲ့သည်။

ဘာစီလိုနာသည် ဥရုဂွေးတိုက်စစ် မှူး ဆွာရက်ဇ်၏ နေရာတွင် အစားထိုးရန်အတွက် တိုက်စစ်မှူးသစ် ရှာဖွေနေရာ အင်တာမီလန်နှင့်ခြေစွမ်းပြနေသော မာတီနက်ဇ်မှာ ထိပ်ဆုံးမှပါဝင်နေကြောင်း သိရသည်။

လက်ရှိအချိန်တွင် ကမ္ဘာတစ် ဝန်း၌ ကူးစက်မြန် COVID-19 ပြန့်ပွားနေရာနယ်ပယ်အလိုက် ဆိုးကျိုးသက်ရောက်မှုများ ရှိနေပြီး ဘောလုံးရပ်ဝန်းမှာလည်း စီးပွားရေးအရ အကြီးအကျယ် ဆုံးရှုံးမှုများ ရှိနေသည်။

COVID-19 အကျိုးဆက်အနေဖြင့် ဥရောပထိပ်တန်းကလပ်များသည် အပြောင်းအရွှေ့ ဈေးကွက်ဖွင့်သည့် အချိန် ကစားသမားခေါ်ယူရာ၌ စီးပွားရေးတွက်ခြေကိုက်ရန် ငွေကြေး ပုံအောသုံးစွဲမှုများကို ပြုလုပ်ရန်မရှိတော့ပေ။

ထို့ကြောင့် အင်တာမီလန်သည် မာတီနက်ဇ်နှင့် ပြင်သစ်တိုက်စစ်မှူး ဂရစ်ဇ်မန်းတို့ကို လဲလှယ်ရန်သာ စိတ်ဝင်စား နေခြင်းဖြစ်ကြောင်း အီတလီသတင်းများကဆိုသည်။

အက်သလက်တီကိုမှ ဘာစီလိုနာသို့ပြောင်းရွှေ့လာသော တိုက်စစ်မှူး ဂရစ်ဇ်မန်းသည်ဘာစီလိုနာကစားသမားဘဝ ပထမရာသီတွင် ၁၄ ဂိုးသွင်းယူထားသူဖြစ်သည်။

အာဂျင်တီးနားတိုက်စစ်မှူး မာတီနက်ဇ်မှာ ရေးဆင်းမှ အင်တာမီလန်သို့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး အင်တာမီလန် အသင်းအတွက် ပြိုင်ပွဲစုံ ၆၆ ပွဲကစားထားရာ ၂၅ဂိုးသွင်းယူထားသည်။



ဖတ်ရှုမှုအများဆုံး