မန်ယူနှင့် လီဗာပူးတို့၏ ပစ်မှတ် ဟာဗက်ဇ် ပြည်ပထွက်ကစားလိုကြောင်း ပြောကြား

မန်ယူနှင့် လီဗာပူးတို့၏ ပစ်မှတ် ဟာဗက်ဇ် ပြည်ပထွက်ကစားလိုကြောင်း ပြောကြား

မန်ယူနှင့် လီဗာပူးအသင်းတို့က ခေါ်ယူရန်ပစ်မှတ်ထားနေသော လေဗာကူဆင် ကွင်းလယ် ကစားသမား ကိုင်ဟာဗက်ဇ်က စိန်ခေါ်မှုများကိုသဘောကျနှစ်ခြိုက်ပြီး တစ်ချိန်ချိန်တွင် ပြည်ပထွက် ကစားလိုကြောင်း Sport Bild နှင့်တွေ့ဆုံခဲ့ရာ၌ ဖွင့်ဟပြောကြားခဲ့သည်။

ဂျာမနီကစားသမားဟာဗက်ဇ်သည် အသက် ၂၀ အရွယ်သာရှိသေးပြီး ခြေစွမ်းကောင်း ပိုင်ဆိုင်ထားကာ အနာဂတ်အလား အလာရှိ ကွင်းလယ်လူတစ်ဦးဖြစ်သည်။

ကွင်းလယ်၌ ကစားရသော်လည်း ဟာဗက်ဇ်သည် ဂိုးသွင်းကောင်းပြီး ဂိုးဖန်တီးမှု အကွက်မြင်သူလည်းဖြစ် သည်။

ဟာဗက်ဇ်သည် ယမန်နှစ်ရာသီက လေဗာကူဆင်နှင့် အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့ သည့်အပြင် ယခုရာသီတွင် ၁၀ ဂိုးသွင်းယူကာ ကစားဖော်များအတွက် ဂိုးဖန်တီးမှု ခုနစ်ကြိမ်ပြုလုပ်ထားသည်။

ဟာဗက်ဇ်ကို ခေါ်ယူရန်စိတ်ဝင်စားနေသော အသင်းများစာရင်းတွင် မန်ယူနှင့်လီဗာပူးတို့ မှာ ထိပ်ဆုံးမှပါဝင်နေခြင်း ဖြစ်သည်။

ရီးရဲလ်မက်ဒရစ် ဘာစီလိုနာနှင့် ဘိုင်ယန်မြူးနစ်တို့မှာလည်း ဟာက်ဇ် ကိုခေါ်ယူရန် မျက်စိကျနေကြောင်း သိရသည်။

ဟာဗက်ဇ်က"ကစားသမားဘဝ နောက်တစ်ဆင့်တက်ဖို့အတွက် ကျွန်တော် အဆင်သင့်ပါပဲ။ စိန်ခေါ်မှုတွေကိုလည်း ရင်ဆိုင်ချင်ပါ တယ် ပြည်ပထွက် ကစားဖို့လည်း  ဖြစ်နိုင်ပါတယ်။လေဗာကူဆင် က ဂရိတ်ကလပ်ပါ။ ဒီမှာအဆင်ပြေ တယ်လို့အမြဲပြောဖူးပါတယ်။ဒါပေမယ့် ကျွန်တော်ကိုယ်တိုင်ကကစားသမားဘဝ အဆင့်မြင့်ချင်တယ်။ဒါကရည် မှန်းချက်ပါ"ဟု ပြောကြားခဲ့သည်။

လေဗာကူဆင်နည်းပြပီတာ ဘော့စ်ဇ်က ဟာဗက်ဇ်ကို ဈေးပေါပေါဖြင့် ရောင်းချမည်မဟုတ်ကြောင်း  ပြောင်းရွှေ့ကြေးတန်ကြေးမှာ ပေါင်သန်း ၉၀ သတ်မှတ်နိုင်ဟု ဆိုထားသည်။



ဖတ်ရှုမှုအများဆုံး