မြန်မာနှစ်ဆန်းတစ်ရက်နေ့၌ ကျုံးထောင့်များ၌ ပရိတ်ရွတ်ခြင်းနှင့် ငါးလွှတ်ခြင်းများ ပြုလုပ်တော့မည်မဟုတ်

မြန်မာနှစ်ဆန်းတစ်ရက်နေ့၌ ကျုံးထောင့်များ၌ ပရိတ်ရွတ်ခြင်းနှင့် ငါးလွှတ်ခြင်းများ ပြုလုပ်တော့မည်မဟုတ်

မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်(ဧပြီ ၁၇ )ရက်နေ့တွင် မန္တလေးမြို့တော်စည်ပင်သာယာက နှစ်စဉ် ပြုလုပ်နေကျဖြစ်သည့် သံဃာတော်များပင့်ဆောင်၍ ကျုံးထောင့်များ၌ ပရိတ်ရွတ်ခြင်း၊ပရိတ်တရားတော် နာယူခြင်းနှင့် ငါးလွှတ်ခြင်းတို့ကို ယခုနှစ်တွင် ပြုလုပ်မည်မဟုတ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်ကပြောသည်။

COVID-19 ကာကွယ်ထိန်းချုပ်သည့်အနေဖြင့် အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ခြင်းကို လူစုလူဝေးဖြင့် မပြုလုပ်ဘဲ ရပ်ကွက်ရုံးများ၊ ဓမ္မာရုံများ၊ ဘုန်းတော်ကြီးကျောင်းများမှနေ၍ အများကြားနိုင်ရန် အသံချဲ့စက်ဖြင့် ဖွင့်လှစ်၍ နာယူရေးအတွက် မန္တလေးတိုင်းအစိုးရ အဖွဲ့က ဧပြီ၁၄ ရက်နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။

“သံဃာတော်တွေလည်း လူထဲသူထဲ ကြွလာရမှာဖြစ်တယ်။ဒါကြောင့် မြို့တော်စည်ပင်သာယာက လုပ်လေ့ရှိတဲ့ ကျုံးထောင့်တွေမှာ ပရိတ်တရားနာယူတာ၊ ရွတ်ဖတ်တာနဲ့ ငါးလွှတ်တာတွေ ဒီနှစ်မလုပ်တော့ဘူးး။ လူစုလူဝေးနဲ့ ရွတ်ဖတ်တာမလုပ်ဘဲ အသံချဲ့စက်နဲ့ နာယူကုသိုလ် ကောင်းမှုပြု ကြဖို့တိုင်းအစိုးရက စီမံထားတယ်”ဟု ၎င်းကပြောသည်။

တိုင်းအစိုးရအဖွဲ့  ညွှန်ကြားချက်အတိုင်း ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးများက အသံသွင်းတိတ်ခွေများ အသုံးပြု၍ ထုတ်လွှင့်ပေးသွားမည်ဖြစ်၍ မိမိတို့နေအိမ်များမှ နာယူနိုင်မည်ဖြစ်ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး