အုတ်တွင်းမြို့နယ်၌ ယခင် ရန်ငြိုးရှိမှုအပေါ် မကျေနပ်သဖြင့် တစ်ရွာတည်းသားချင်း ဓားဖြင့်ထိုးသတ်ခဲ့သည်ဆိုမှုမှ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း ဧပြီ ၁၆ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။
ဧပြီ ၁၅ ရက် ညနေ ၅ နာရီအချိန်တွင် တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ သရက်တန်းကျေးရွာတောင်ဘက် ချောင်းနံဘေးတွင် လူသတ်မှုဖြစ်ပွားကြောင်း သတင်းအရ အုတ်တွင်းနယ် မြေရဲစခန်းမှ သွားရောက်စစ် ဆေးခဲ့သည်။
စစ်ဆေးချက်အရ သေဆုံးသူမှာ သရက်တန်းကျေးရွာနေ ကျော်သူဝင်း(၃၅)နှစ် ဖြစ်ပြီး ၎င်းတွင် လည်ပင်းပြတ်ရှဒဏ်ရာ(၃)ချက်ရရှိကာ သေဆုံးနေသည်ကို စစ်ဆေးသိရသဖြင့်ဆေးရုံသို့ ပို့အပ်ခဲ့သည်။
သက်ဆိုင်ရာက ဆက်လက်စုံစမ်းချက်များအရ ပြစ်မှုကျူးလွန်သူမှာ တစ်ရွာတည်းနေ ရဲနိုင်စိုး(၃၆)နှစ်ဆိုသူဖြစ်ပြီး ကျော်သူဝင်း (သေဆုံးသူ) နှင့် ရဲနိုင်စိုးတို့မှာ နေအိမ် မျက်နှာချင်းဆိုင်နေသူများဖြစ်ကြကြောင်း သိရသ်ည်။
၎င်းတို့နှစ်ဦးသည် ယခင်က ရန်ခဏခဏဖြစ်ဖူးကာ ရန်ငြိုးရန်စရှိခဲ့ဖူးသည်ကြောင်းနှင့် ယင်းကို မကျေနပ်ရာက ကျော်သူဝင်းကို ဓားဖြင့်ထိုးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်၊၊ ပြစ်မှုကျူးလွန်သူရဲနိုင်စိုးကို ရဲတပ်ဖွဲ့က အခင်းဖြစ်နေ့ ညနေပိုင်းတွင် အမှုဖြင့်ဖမ်းဆီးခဲ့ကာ အုတ်တွင်းနယ်မြေရဲစခန်းက ရာဇသတ်ကြီးဉ်ဒေ၃၀၂အရ အမှုရေးဖွင့် စစ်ဆေးလျက်ရှိသည်။

















