ဝက်လက်မြို့နယ်တွင် ကျန်းမာရေး စစ်ဆေးမှုခံယူပြီးမှသာ ရွာအတွင်း ဝင်ရန်ပြောဆိုသူ ရပ်ကျေးအဖွဲ့အား ဝိုင်းဝန်းထိုးကြိတ်ခဲ့သူ သုံးဦးကို ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း ဧပြီ ၁၇ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။
ဧပြီ ၁၅ ရက်နေ့ ညနေ ၅ နာရီခွဲ အချိန် ဝက်လက်မြို့နယ်၊ မြင်းသည်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကြည်ဝင်းနှင့် ဆယ်အိမ်မှူး ဦးမြင့်စိုး ဦးစီးပူးပေါင်းအဖွဲ့သည် ကျေးရွာအဝင်၌ ကျန်းမာရေးစစ်ဆေးမှုဆောင်ရွက်နေစဉ် ကျော်မင်းဦး(၃၀)နှစ်ပါ သုံးဦး ဆိုင်ကယ်ဖြင့် ရောက်ရှိလာ သဖြင့် ကျန်းမာရေးစစ်ဆေးမှုခံယူပြီးမှသာ ကျေးရွာအတွင်းသို့ ဝင်ရောက်ရန် ပြောဆိုခဲ့သည်။
ထိုသိုပြောဆိုသည်ကို ၎င်းတို့က မချေမငံပြန်ပြောကာ ဦးမြင့်စိုးအား ဆဲဆို လက်သီးဖြင့်ဝိုင်းဝန်းထိုးကြိတ်ခဲ့သည်။
ဧပြီလ ၁၆ ရက် ည ၁၂ နာရီ ၅ မိနစ်အချိန်တွင် ကျော်မင်းဦး(၃၀)နှစ်ပါ ၃ ဦးကို ရွှပန်းကုန်းနယ်မြေရဲစခန်း၊ (ပ)၅၁/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၅၃/၅၀၆/ ၃၂၃/ ၂၉၄အရ အမှုဖွင့်ကာ ဖမ်းဆီး စစ်ဆေးလျက်ရှိသည်။
















