နွားထိုးကြီးမြို့အဝင်တွင် ကျန်းမာရေးစစ်ဆေးမှုမခံသည့် သီလရှင်ကို အမှုဖွင့် လူဝတ်လဲ

နွားထိုးကြီးမြို့အဝင်တွင် ကျန်းမာရေးစစ်ဆေးမှုမခံသည့် သီလရှင်ကို အမှုဖွင့် လူဝတ်လဲ

မန္တလေးတိုင်း နွားထိုးကြီးမြို့အရှေ့ဘက်မောင်းတံဂိတ်၌ COVID-19 ကာကွယ်ထိန်းချုပ်ရေးကျန်းမာရေး စစ်ဆေးမှုများပြုလုပ်စဉ် ဧပြီ ၁၆ ရက်က CROWN အမျိုးအစားယာဉ်ဖြင့် ကိုယ်တိုင်မောင်းနှင် ရောက်ရှိလာသော သီလရှင်တစ်ပါးသည် စစ်ဆေးမှုမခံဘဲမချေမငံပြောဆိုခြင်း၊ကျန်းမာရေးစောင့်ရှောက်မှု ခံယူရန် ငြင်းဆန်ခြင်းကြောင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း  နွားထိုးကြီးမြို့မရဲစခန်းမှသိရသည်။

အဆိုပါ သီလရှင်သည် နွားထိုးကြီးမြို့နယ်၊တောကန်ကြီးရွာမှဖြစ်ပြီး ကျန်းမာရေး စစ်ဆေးခံရန်ပျက်ကွက်ခဲ့ သဖြင့် နွားထိုးကြီးမြို့နယ်၊မြို့မရဲစခန်းက (ပ)၁၆၇/၂၀၂၀ ။၂၀၁၃ ခုနှစ် သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှုဥပဒေပုဒ်မ ၂၅/၂၆ အရ အမှုဖွင့်ထားသည်။

“အရင်နေ့ကဖြစ်တာပါ။ သီလရှင်တစ်ပါးကို ဒေသန္တရ ဥပဒေအတိုင်းဘဲ နွားထိုးကြီး မြို့မရဲစခန်းမှာ အမှုဖွင့် ထားပါတယ်။သူ့ကို လူဝတ်လဲထားပါတယ်”ဟု နွားထိုးကြီးမြို့မ ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက အတည်ပြုပြောကြားသည်။

အခင်းဖြစ်နေ့က ၎င်းသီလရှင်သည် တာဝန်ရှိသူများ၏ ကျန်းမာရေးစစ်ဆေးမှုခံယူရန် ငြင်းဆန်ကာ ကားမောင်း ထွက်သွား၍ စစ်ဆေးရေးအဖွဲ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ သတင်းပေးပိုခဲ့ပြီး မြို့နယ်သံဃ နာယကဆရာတော် တို့နှင့်အတူ တာဝန်ရှိသူများက ၎င်းအားတွေ့ဆုံ၍ ကျန်းမာရေးစစ်ဆေးမှုပြုစုစောင့်ရှောက်မှုလက်မခံသည့် ကိစ္စကို ညှိနိုင်းပြောဆိုရာ လက်မခံသည့်အပြင် ရိုင်းစိုင်းစွာပြောဆိုခဲ့သည်ဟုဆိုသည်။

သို့ဖြစ်၍ ဥပဒေအရ တာဝန်ပေးအပ်ခံရသည့် ဌာန/အဖွဲ့အစည်း(သို့မဟုတ်)လူပုဂ္ဂိုလ်အား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဆောင်ရွက်သည်ကို နှောက်ယှက်၊တားဆီးဟန်းတားခြင်းနှင့် ညွန်ကြားချက် လိုက် နာမှုမရှိခြင်းကြောင့် ဥပဒေအရ အရေးယူပေးရန် ဒုတိယမြို့နယ်အထွေထွေအုပ်ချုပ်ရးမှူးက တရားလိုပြုလုပ်ပြီး အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး