ပြိုင်ဘက်ကစားသမားထံမှ COVID-19 ကူးစက်ခံရမည်ကို စိုးရိမ်မိကြောင်း ဝီလျံ ပြောကြား

ပြိုင်ဘက်ကစားသမားထံမှ COVID-19 ကူးစက်ခံရမည်ကို စိုးရိမ်မိကြောင်း ဝီလျံ ပြောကြား

ချယ်လ်ဆီးတောင်ပံကစားသမားတစ်ဦးဖြစ်သူ ဝီလျံကပြိုင်ဘက်ကစားသမားထံမှCOVID-19 ကူးစက်ခံရမည်ကို စိုးရိမ်မိကြောင်း ဗွီဒီယိုအင်တာဗျူးတစ်ခုတွင်ဖွင့်ဟပြောကြားခဲ့သည်။

COVID-19 ကြောင့် အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ်များကို အချိန်အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားပြီး ကျန်းမာရေးအရ လုံခြုံစိတ်ချမှုရှိမှသာ ပြန်လည်စတင်နိုင်တော့မည်ဖြစ်သည်။

ပရီးမီးယားလိဂ်သည် COVID-19 ကြောင့်ပင် ဘောလုံးပွဲများကို ပရိသတ်မပါဘဲကျင်းပခြင်းအားဖြင့်ပြန်လည်စတင်နိုင်ရန် မျှော်လင့်နေကြောင်းလည်းသိရသည်။

ပရီးမီးယားလိဂ်ဘောလုံးရာသီပြန်လည်စတင်ခဲ့ပါကပြိုင်ဘက်ကစားသမားနှင့် ထိတွေ့မှု
အရ COVID-19 ကူးစက်ခံရပြီး မိသားစုဝင်များထံ ထပ်မံကူးစက်မည်ကို ဘရာဇီးကစားသမားဝီလျံက စိုးရိမ်ပူပန်နေသည်။

ဝီလျံက'' တကယ်လို့ပရိသတ်မပါဘဲပြန်ကစားမယ်ဆိုရင်တောင် ကွင်းထဲမှာ ကျွန်တော်တို့တစ်ယောက်နဲ့တစ်ယောက်ထိတွေ့မှုရှိပါတယ်။
 ဒါ့ကြောင့် ကျွန်တော်တို့ကြားမှာဗိုင်းရပ်စ်ကူးစက်မှုတွေ ဖြစ်လာနိုင်ပါတယ်။ ကွင်းပိတ်ပြီး ပြန်ကစားမယ်ဆိုတာက ဆိုးရွားတဲ့ အိုင်ဒီယာ
မဟုတ်ပါဘူး။ဒါပေမယ့်ဘာဖြစ်လာမလဲဆိုတာကို ကျွန်တော်တို့တော်တော်သတိထားရမယ်။ ကစားသမားတစ်ယောက်မှာ ဗိုင်းရပ်စ် ရှိကောင်းရှိနိုင်ပါတယ်။ဒါကပြောလို့မရပါဘူး။ အဲဒီတော့ ပိုးရှိတဲ့သူနဲ့ထိတွေ့မိရင် ကျွန်တော်လည်း ကူးစက်ခံရမှာပါ။ ပွဲပြီးလို့အိမ်ပြန်ရောက်ရင်ကျွန်တော့်ဆီကနေ ဇနီးသည်
ဒါမှမဟုတ် သမီးတွေဆီကို ကူးစက်လိမ့်မယ်။ဒါ့ကြောင့် ကျွန်တော်တို့ဂရုစိုက်ရမယ်''ဟု APသတင်းဌာနနှင့်အွန်လိုင်းအင်တာဗျူး၌ ပြောကြားခဲ့သည်။

ချယ်လ်ဆီးကစားသမားတစ်ဦးဖြစ်သောဟတ်ဒ်ဆန်အိုဒွိုင်းမှာ COVID-19ကူးစက်ခံခဲ့ရသော်လည်း ကျန်းမာရေးပြန်လည်ကောင်းမွန်လာပြီဖြစ်သည်။



ဖတ်ရှုမှုအများဆုံး