COVID-19 ကြောင့် Lockdown ကာလအတွင်း မန်စီးတီးကွင်းလယ်ဖန်တီးရှင် ဒီရိုင်း၏မိသားစုဝင်များက ၈ ရက် ၉ရက်ခန့်အထိဖျားနေ၍
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံလိုက်ရပြီဟုတွေးထင်မိခဲ့ကြောင်း ဒီဘရိုင်းက စကိုင်းစပို့စ်နှင့် တွေ့ဆုံခဲ့ရာ၌ ပြောကြားခဲ့သည်။
ဘယ်လ်ဂျီယံကစားသမား ဒီဘရိုင်းတို့မိသားစုသည် မန်ချက်စတာ၌ နေထိုင်ကြသူများဖြစ်ပြီး
မိသားစုဝင်များမှာ Lockdownကာလအစ၌ပင် အဖျားဝေဒနုာ ခံစားခဲ့ရခြင်းဖြစ်သည်။
တစ်ကမ္ဘာလုံးကပ်ရောဂါဘေးနှင့် ကြုံတွေ့နေရသည့် အချိန်မိသားစုအရေးကိစ္စ စိုးရိမ်ပူပန်ခဲ့
သမျှကို ဒီဘရိုင်းကပြန်လည်ပြောကြားခဲ့ခြင်းဖြစ်သည်။
ဒီဘရိုင်းက''Lockdown ကာလအစမှာပဲမိသားစုတွေဖျားကြတယ်။ ၈ ရက် ၉ ရက်လောက်အထိ ဖျားတာပေါ့။ ကျွန်တော့်သားအငယ်ကောင်စဖျားတယ်။ပြီးတော့ သားအကြီးကောင် ဖျားတယ်။ဇနီးသည်လည်း မလွတ်ဘူး။သူလည်း ဖျားတယ်။တစ်မိသားစုလုံးတော့ကိုရိုနာဗိုင်းရပ်စ်ကူးပြီလို့ကျွန်တော့်စိတ်ထဲ ထင်ခဲ့မိတယ်။ ဒါပေမယ့်ကံကောင်းထောက်မစွာနဲ့ပဲ သူတို့အားလုံးအဖျားရောဂါပျောက်ကင်းသွားတယ်။ လက်ရှိအချိန်မှာ
တော့ တစ်မိသားစုလုံးကျန်းမာကြပါတယ်''ဟု
ပြောကြားသည်။
ဆက်လက်၍ ဒီဘရိုင်းက''အစတုန်းကတော့ ကျွန်တော် Lockdownနဲ့အသားမကျဘူး။
ဘာလုပ်ရမှန်းမသိဘူး။ အခုတော့အဆင်ပြေပါပြီ။အိမ်မှာပဲလေ့ကျင့်ခန်းတွေ လုပ်နေပါတယ်''ဟုဆိုသည်။















