နာပိုလီတိုက်စစ်မှုှး မာတန် ချယ်လ်ဆီးသို့ ပြောင်းရန်များ

နာပိုလီတိုက်စစ်မှုှး မာတန် ချယ်လ်ဆီးသို့ ပြောင်းရန်များ

နာပိုလီတိုက်စစ်မှုး မာတန်သည်စီးရီ​ေအပြိုင်ဘက် အင်တာမီလန်အပါအဝင် မန်ယူ အာဆင်နယ်နှင့် မိုနာကိုအသင်းတို့ထက် လန်ဒန်အခြေစိုက်ချယ်လ်ဆီးသို့သာပြောင်းရွှေ့ဖွယ်များနေကြောင်းအီတလီသတင်းများကရေးသားခဲ့သည်။

လာမည့်မေလတွင် အသက် ၃၃ နှစ်ပြည့်မည့် ဘယ်လ်ဂျီယံလက်ရွှေးစင်တိုက်စစ်မှုး မာတန်သည် နာပိုလီ၌ကာလရှည်ကြာစွာ
ပါဝင်ကစားနေသူဖြစ်ပြီး အသင်း၏ ဂိုးသွင်းအများဆုံးစံချိန်တစ်ရပ်ကိုလည်း ပိုင်ဆိုင်ထားသည်။ မာတန်သည် နာပိုလီနှင့် ချူပ်ဆိုထားသော စာချူပ်အရယခုနှစ်ဘောလုံးရာသီကုန်တွင်ကုန်ဆုံးမည်ဖြစ်သည်။

အကယ်၍ မာတန်သည်နာပိုလီနှင့်စာချူပ်သက်တမ်းမတိုးမြှင့်ခဲ့ပါကဘယ်လ်ဂျီယံကစားသမားမှာ ရာသီကုန်တွင်အလွတ်ပြောင်းရွှေ့ခွင့်ရလာမည်ဖြစ်သည်။

မာတန်သည် နာပိုလီအသင်းကိုချစ်ခင်မြတ်နိုးသောကြောင့် ပြိုင်ဘက်အင်တာမီလန်အသင်း၏ကမ်းလှမ်းလာမှုကိုပယ်ချသွားမည်ဖြစ်ကြောင်း ကော်ရယ်ရီဒယ်လိုစပို့စ်က ဖော်ပြခဲ့သည်။

မာတန်သည်၂၀၁၃ ခုနှစ်မှ စတင်၍ နာပိုလီ၌ ပါဝင်ကစားနေသူဖြစ်သည်။မာတန်သည် အသင်းပြောင်းခဲ့ပါကပြည်ပထွက် ကစားရန်ရှိနေသည်။

ချယ်လ်ဆီးအသင်းသည်ပြီးခဲ့သည့် ဇန်နဝါရီ
အပြောင်းအရွှေ့ကာလ၌ပင် မာတန်ကိုခေါ်ယူရန်ချိတ်ဆက်မှု ပြုလုပ်ခဲ့ပြီးဖြစ်သည်။ချယ်လ်ဆီးသည်လာမည့်နွေရာသီအပြောင်းအရွှေ့တွင် ကစားသမားအင်အားဖြည့်တင်းမှုများ ပြုလုပ်ဦးမည်ဖြစ်ရာ မာတန်ကိုဒုတိယအကြိမ် ကမ်းလှမ်းမည်ဖြစ်သည်။



ဖတ်ရှုမှုအများဆုံး