မန္တလေးတွင် COVID-19 ကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍
ထိရောက်စွာပိုမိုဆောင်ရွက်နိုင်
ရေးအတွက် Quarantine ထားရှိသူများကို
ပိုးရှိ/မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးနိုင်မည့်
ဓာတ်ခွဲခန်းထားရှိနိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရက ကြိုးစားဆောင်ရွက်နေသည်ဟု
ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က ပြောသည်။
အဆိုပါရောဂါဖြစ်ပွားသည့် နိုင်ငံများမှ ပြန်လာသူများကို Quarantine
ထားရှိပြီး ၎င်းတို့ထံမှ ဓာတ်ခွဲနမူနာများကို စမ်းသပ်စစ်ဆေးနိုင်ပါက
ပိုမိုထိရောက်မည်ဟု ဆိုသည်။
“တစ်ဆင့်တက်ပြီးလုပ်ရမှာက Test ပဲ။Quarantine လုပ်ထားသူတွေကို Test
များများလုပ်နိုင်ရင် ပိုပြီးထိရောက်မယ်။ရန်ကုန်မှာ NHL ရှိပြီးအရင်က
လူ ၆၀-၈၀ လောက်စမ်းသပ်နိုင်ရာက ခုဆိုရင် ၃၀၀ လောက်စမ်းသပ်နိုင်ပြီ။
ဒါမျိုးကို မန္တလေးမှာ စမ်းသပ်နိုင်တဲ့ Lab တစ်ခုရှိလာရင်
ထိရောက်စွာကာကွယ်နိုင်မှာဖြစ်လို့ ကြိုးစားနေကြတယ်” ဟု ၎င်းက ပြောသည်။
ရောဂါမပြန့်ပွားရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရေးလုပ်ငန်းစဉ်များကို
အရှိအဟုန်ဖြင့်ဆောင်ရွက်လျက်ရှိရာ သက် ဆိုင်သည့်ဌာနဆိုင်ရာအဖွဲ့အစည်းများ၊လူမှူရေးအဖွဲ့များက
ပူးပေါင်းဆောင်ရွက်ကြကြောင်း၊ လုပ်ငန်းစဉ်များအရ
ထိန်းချုပ်ကန့်သတ်မှူများတွင် လူစုလူဝေးမဖြစ်ပေါ်စေရေးနှင့်ကာကွယ်ရေးတွင်
လက်မကြာခဏဆေးခြင်း၊Mask တပ်ဆင် စေခြင်း၊
ဖြန့်ဝေပေးခြင်း၊အသိပညာပေးခြင်းတို့ပါဝင်ကြောင်းသိရသည်။
“အတည်ပြုလူနာတွေ့တာနဲ့ Contact tracing လိုက်ကြတယ်။လိုက်ရာမှာ
သက်ဆိုင်ရာတာဝန်ရှိသူများသာမက လူမှုကူညီရေးအဖွဲ့ ရပ်ရွာထဲကလူတွေ
အားတက်သရော ပါဝင်ကြတယ်။ဒါတွေက အသားကျလာပြီဖြစ်သလို အား တက်စရာကောင်းတယ်။
စီးပွားရေးထိခိုက်မှုနည်းနိုင်သမျှနည်းအောင် ဆောင်ရွက်နေပါတယ်”ဟု ဆက်လက်
ပြောကြားသည်။
မန္တလေးတိုင်းအတွင်း COVID-19 ကာကွယ်ထိန်းချုပ်ရေးအဖြစ် Mask Campaign
များပြုလုပ်ခြင်း၊ကျန်းမာရေး ဝန်ကြီးဌာနထုတ်ပြန်ချက်များလိုက်နာရန်
အသိပညာပေးခြင်း၊ခရီးသည် ယာဉ်များလိုင်ပြေးဆွဲမှူယာယီရပ်ဆိုင်း
ခြင်း၊ဟိုတယ်/တည်းခိုခန်းများပိတ်ထားခြင်း၊အကြောင်းပြချက်မခိုင်လုံဘဲ
ညပိုင်း ပြင်ပမထွက်ရန်ုတားမြစ်ခြင်း စသည့်
လုပ်ငန်းစဉ်များဆောင်ရွက်နေခြင်းဖြစ်သည်။
















