မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ရှိ သံဃာ့ဆေးရုံတွင် Quarantine Center ကို မတ် ၂၈ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး ပြည်ပမှ ပြန်လာသူများကို စောင့်ကြည့်ခဲ့ရာ ၁၀၈ ဦးအနက်၂၁ ရက်ပြည့်မြောက်သူ ၃၁ ဦးသည် ယနေ့ ဧပြီ ၁၉ ရက်နေ့ နံနက်မှစ၍ နေရပ်အသီးသီးသို့ ပြန်ကြပြီဖြစ်သည်။
၎င်းတို့သည် ထိုင်းနိုင်ငံမြဝတီနယ်စပ်၊ တရုတ်ပြည် ကြယ်ဂေါင်နှင့် ရွှေလီမြို့တို့သို့ သွားရောက်လုပ်ကိုင်သူများနှင့် ကျောက်စိမ်းကျောက်မျက်ရောင်းဝယ်သူများဖြစ်သည်။
“ကျွန်တော်တို့အနေနဲ့ ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးမှာ တတ်နိုင်တဲ့ဘက်က ပါဝင်ဖြည့်ဆည်းကူညီတာဖြစ်တယ်။ သံဃာ့ဆေးရုံနဲ့ မန္တလာဒီဂရီကောလိပ်မှာ Quarantine Center မှာ ခေါင်းအုံး၊မွေ့ယာက စလို့ စားသောက်ရေးမှာ လှူ ဒါန်းတယ်။ရက်ပြည့်တဲ့ ၃၁ ဦးကို ဒီနေ့မှာဘဲ ပြန်ပို့ပေးနေတယ်”ဟု ကုမ္ပဏီပြန်ကြားရေး တာဝန်ခံ ဦးဇော်ရဲဝင်းက ပြောသည်။
COVID-19 ကူးစက်ပြန့်ပွားမှူကို ထိန်းချုပ်ကာကွယ်ရေးနှင့် ပြုစုစောင့်စောင့်ရှောက်ရေးအတွက် အမရပူရမြို့ပြစီမံကိန်း (MBCCD Ltd.)က တိုင်းဒေသကြီးအစိုးရအဖွဲ့စီမံခန့်ခွဲမှူဖြင့် သံဃာ့ဆေးရုံ Quarantine Center တွင် ၁၇၀ဦးနှင့် မန္တလာဒီဂရီကောလိပ်တွင်(၁၅၀)ဦး စောင့်ကြည့်ထားကြောင်း သိရသည်။
















