စီးရီးအေကလပ် ဘရက်ရှားအသင်းဥက္ကဋ္ဌမက်ဆီမိုဆယ်လီနိုက COVID-19 ကူးစက်ခံခဲ့ရကြောင်း လာရီပတ်ဘလစ်ကာသို့ဝန်ခံပြောကြားခဲ့သည်။
ကက်ဂလီယာရီနှင့်လိဒ်ယူနိုက်တက်အသင်းပိုင်ရှင်ဟောင်းဖြစ်သူ အသက်၆၃ နှစ်အရွယ် ဆယ်လီနိုသည် COVID-19ဖြစ်နေကြောင်းSardegna 1 က ဖော်ပြခဲ့ပြီးနောက်
ဆယ်လီနိုက ပရိသတ်များအားအသိပေးပြောကြားခဲ့ခြင်းဖြစ်သည်။
ဘရက်ရှားတွင် ၃ ပတ်ကြာ quarantineဝင်ခဲ့ပြီးနောက် ကက်ဂလီယာရီ၌ ရက်အတန်ကြာနေထိုင်ခဲ့ကြောင်း၊ နာမကျန်းဖြစ်လာခဲ့သောကြောင့်ဆေးရုံသို့သွားရောက်ကာ စစ်ဆေးမှုအချို့ပြုလုပ်ခဲ့ရကြောင်း၊ သားဖြစ်သူဗိုင်းရပ်စ်မထိခဲ့သော်လည်းသမီးဖြစ်သူမှာ ထိခဲ့ကြောင်းနှင့် COVID-19ဖြစ်နေသည့်အချိန်
အလွန်အမင်းမောပန်းကာအရိုးများ မခံမရပ်နိုင်အောင် နာကျင်ကိုက်ခဲကြောင်း ဆယ်လီနိုက ဆိုသည်။
အီတလီနိုင်ငံမြောက်ပိုင်း လွမ်ဘာဒီဒေသ၌ဘရက်ရှား ဘာဂါမိုနှင့် မီလန်မြို့တို့ ပါဝင်ပြီး ယင်းဒေသမှာ COVID-19 ကူးစက်မှုအများဆုံးနေရာဖြစ်နေသည်။
ဆယ်လီနိုသည် COVID-19 ကူးစက်ခံရသော ပထမဆုံးစီးရီးအေ ကလပ်အသင်းဥက္ကဋ္ဌဖြစ်ခဲ့သည်။စီးရီးဘီကလပ်ပေါ်ဒန်နိုနီဥက္ကဋ္ဌမော်ရိုလိုဗီဆာမှာလည်း COVID-19ကူးစက်ခံခဲ့ရသည်။COVID-19ကူးစက်ခံခဲ့ရသည့် ဆယ်လီနိုသည်
လက်ရှိတွင်ကျန်းမာရေးပြန်လည်ကောင်းမွန်နေသည်။















