Lockdown ကာလတွင် အိမ်၌လေ့ကျင့်ခဲ့သည့် ရုရှားဘောလုံးသမား နှလုံးဖောက်၍သေဆုံး

Lockdown ကာလတွင် အိမ်၌လေ့ကျင့်ခဲ့သည့် ရုရှားဘောလုံးသမား နှလုံးဖောက်၍သေဆုံး

COVID-19 ကြောင့်  Lockdown ကာလအတွင်း နေအိမ်၌ လေ့ ကျင့်မှုပြုလုပ်ခဲ့သော အသက် ၂၂ နှစ်အရွယ် ရုရှားနောက်ခံလူ အန်နို ကန်တီဆာမိုခါဗာလော့ဗ်သည် နှလုံးဖောက်၍ သေဆုံးခဲ့ကြောင်း ဘီဘီစီက ဖော်ပြခဲ့သည်။

အသက် ၂ဝ ကျော်သာရှိသေးသော ဆာမိုခါဗာလော့ဗ် သည် လိုကိုမိုးတစ်၏အရန်အသင်း ကာဇန်ကာတွင် ပါဝင်ကစားနေသူတစ်ဦး ဖြစ်သည်။

ရုရှားအာဏာပိုင်များသည် နိုင်ငံအတွင်း COVID-19  ဖြစ်ပွားနေသော ကြောင့် ဘောလုံးလေ့ကျင့်ခန်း အစီအစဉ်များပါမကျန် ဖျက်သိမ်းခဲ့ပြီး ဖြစ်သည်။ထို့ကြောင့် ဆာမိုခါဗာလော့ဗ်သည် နေအိမ်တွင် တစ် ဦးတည်း လေ့ကျင့်ခန်းပြုလုပ်ခဲ့စဉ် မထင်မှတ်ဘဲ အသက်ပါသွားခဲ့ခြင်းဖြစ်ပြီး ဧပြီ ၂ဝ ရက်က သေဆုံးခဲ့ရသည်။

ဆာမိုခါဗာလော့ဗ်မှာ သေဆုံးခဲ့ပြီဖြစ်ကြောင်း၊ ဇနီးသည်နှင့်သားတစ်ဦး ချန်ထားရစ်ခဲ့ကြောင်း၊ အဖြစ်အပျက်များအတွက် တုန်လှုပ်မိကြောင်း၊ လိုကိုမိုးတစ်မိသားစုအတွက် အလွန်ဝမ်းနည်းစရာကောင်းဟု အသင်းက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ကာဇန်ဇာနည်းပြ ဂရစ်ဟင်က ဆိုးရွားသည့်သတင်းဖြစ်ကြောင်း၊ ဆာ မော့ခ်ခါလော့ဗ်မှာ နှလုံးရောဂါကြောင့် သေဆုံးခဲ့ရကြောင်း အသိပေး ပြောကြားခဲ့သည်။



ဖတ်ရှုမှုအများဆုံး