Park Royal Hotel မှ ဝန်ထမ်းတွင် COVID-19 ကူးစက်ခံထားရ၍ ဟိုတယ်ကို Lock Down ချ

Park Royal Hotel မှ ဝန်ထမ်းတွင် COVID-19 ကူးစက်ခံထားရ၍ ဟိုတယ်ကို Lock Down ချ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်တွင်ရှိသော Park Royal Hotel မှ ဝန်ထမ်းတစ်ဦး၌ COVID-19 ကူး စက်ခံထားရသည်ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဧပြီ ၂၄ ရက် ယနေ့နံနက် ၁၀ နာရီအချိန်၌သတင်းထုတ်ပြန် သောကြောင့် အဆိုပါဟိုတယ်ကို lock down ချထားကြောင်း ဒဂုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ မြို့ နယ်ကျန်းမာရေးဦးစီးမှူး (TMO) ဒေါက်တာ ရွှေပြည်က မြန်မာတိုင်းမ်ကို အတည်ပြုပြောကြားသည်။

“ဟိုတယ် တစ်ခုလုံးကို Lock down ချလိုက်ပါပြီ။ မနက် ၁၁ နာရီလောက်ထဲက lock down ချဖို့ ကျွန်တော်တို့ စလုပ်တယ်။၁၁ နာရီလောက်ထဲက အုပ်ချုပ်ရေးအဖွဲ့တွေအပါအဝင် မီးသတ်၊ကြက်ခြေနီတွေခေါ်ပြီးတော့ ဆေး ဖြန်းတာတွေ စလုပ်တာဖြစ်ပါတယ်။ လူနာနဲ့ပတ်သက်တဲ့ Contact Tracingကို ကျွန်တော်တို့စုံစမ်းထောက်လှမ်း တာတွေဆက်လက်လုပ်နေပါတယ်”ဟု ၎င်းကပြောသည်။

လက်ရှိတွင် တာဝန်ရှိသူများက Park Royal ဟိုတယ်တွင် တည်းခိုနေသည့် ဧည့်သည် ၅၂ ဦးနှင့် ဟိုတယ်ဝန် ထမ်း ၉၅ ဦးကို အသွား အလာကန့်သတ်ထားခြင်း (Quarantine)ပြုလုပ်ထားပြီး COVID-19 ဓာတ်ခွဲအတည် ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူ (Close Contact) ၃၀ ကျော်ကို ဟိုတယ်တွင် သီးခြားထားရှိကာ ရန်ကုန် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ပြီး ဓာတ် ခွဲစစ်ဆေးနိုင်ရန် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဟိုတယ်တွင် အသွားအလာကန့်သတ်ခြင်း (Quarantine) ခံထားရသည့် ဧည်သည့်များနှင့် ဝန်ထမ်းများကို ဟိုတယ်က တာဝန်ယူဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အဆိုပါဟိုတယ်၏ လူအဝင်အထွက်ကို ဒဂုံမြို့ နယ် Response team က စောင့်ကြည့်ကြီးကြပ်သွားမည်ဖြစ်ကြောင်း ဒေါက်တာ ရွှေပြည်က ဆိုသည်။

“လောခ့်ဒေါင်းလုပ်တာ မနက်၁၁ခွဲလောက်ထဲကလို့သိရတယ် ။ တီဗွီသတင်းမှာ ကြေညာတဲ့ထဲမှာလည်း ပေါ့ စတစ်ကေစ့်လို့ သိရပါတယ်” ဒဂုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ထွန်းက ပြောသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဧပြီ ၂၄ ရက် ယနေ့နံနက် ၁၀ နာရီအချိန်၌သတင်းထုတ်ပြန်ခဲ့သည် အသက် ၅၃ နှစ်အရွယ်အမျိုးသား COVID-19  ဓာတ်ခွဲအတည်ပြုလူနာ (လူနာနံပါတ် ၁၃၈)မှာ Park Royal Hotel တွင် အစားအသောက်ပိုင်းဆိုင်ရာ စားဖိုမှူး တစ်ဦးဖြစ်ကြောင်း သိရပြီး အဆိုပါလူနာမှာ Pan Pacific Hotel တွင် COVID-19 ကူးစက်ခံရသည့် လူနာနံပါတ် ၇၉ ထံမှ ထပ်မံကူးစက်ခံထားရသည့် လူနာနံ ပါတ် ၉၃ ၏ထိတွေ့မှုမှတစ်ဆင့် ကူးစက်ခံရခြင်းဖြစ်သည်။

“လော့ခ်ဒေါင်းအရ အထွက်လည်း မရှိတော့ဘူး အဝင်လည်းမရှိတော့ဘူး။ ဝန်ထမ်းတွေလည်း အကုန်ဒီထဲနေ ရတယ်။ဝန်ထမ်းတွေအကုန်လည်း ဟိုတယ် ကွာရန်တင်းသဘောဖြစ်သွားတယ်။ ဘယ်လောက်ထိ လောခ့် ဒေါင်းလုပ်မှာလဲ၊ ဘယ်လိုစီမံထားလဲတော့အတိအကျတော့ မပြောသေးဘူး။လောခ့်ဒေါင်းလုပ်ခံရတယ်ဆို တာပဲ သတင်းရထားသေးတယ် ” ဟု Park Royal Hotel မှာ ဟိုတယ်ဝန်ထမ်းတစ်ဦးက ဆိုသည်။

ဧပြီ ၂၄ရက်နေ့ မနက် ၁၀ နာရီအထိ၊ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်များ အရ မြန်မာနိုင်ငံတွင် COVID-19 ကူးစက်ခံထားရသည့် အတည်ပြုလူနာ ၁၃၉ ဦးအထိ ရှိနေပြီး ၎င်းတို့အနက် ၁၁၀ ဦးမှာ ရန်ကုန်တိုင်းဒေသကြီးမှဖြစ်သည်။

 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး