COVID-19 ကြောင့် ပွဲများရွှေ့ထားရသည့်အချိန် ဘောလုံးကို လွမ်းမိဟု ဖာနန်ဒင်ဟိုဆို

COVID-19 ကြောင့် ပွဲများရွှေ့ထားရသည့်အချိန် ဘောလုံးကို လွမ်းမိဟု ဖာနန်ဒင်ဟိုဆို

မန်စီးတီးကွင်းလယ်ကစားသမား တစ်ဦးဖြစ်သူ ဖာနန်ဒင်ဟိုက COVID-19 ကြောင့် ပွဲများရွှေ့ဆိုင်းထားရသည့် အချိန် ဘောလုံးကိုလွမ်းဆွတ်မိကြောင်း ကလပ်ဝက်ဘ်ဆိုက်မှတစ်ဆင့်ပြော ကြားခဲ့သည်။

COVID-19 ကြောင့် တစ်ကမ္ဘာလုံးတွင် သေဆုံးသူနှစ်သိန်းကျော်နေပြီး ပရီးမီးယားလိဂ်မှာ ၂ဝ၂ဝ မတ်လ နောက်ပိုင်း ရွှေ့ဆိုင်းထားရသည်။အသက် ၃၄ နှစ်အရွယ် ဖာနန်ဒင်ဟို သည် မန်စီးတီးအသင်း၏ခွင့်ပြုချက် ဖြင့် မွေးရပ်မြေ ဘရာဇီးနိုင်ငံသို့ပြန် ခွင့်ရခဲ့သည်။ မန်စီးတီးနည်းပြ ဂွာဒီ ယိုလာမှာ ဘာစီလိုနာမြို့သို့ပြန်ရောက် နေပြီး ဂျီးဆက်မှာ ဘရာဇီး၊ ဇင်ချန်ကို မှာ ယူကရိန်းသို့ပြန်ခဲ့သည်။

ဖာနန်ဒင်ဟိုက ''ဘောလုံးကို ကျွန် တော် အရမ်းလွမ်းနေပါတယ်။ ဘောလုံး မှမဟုတ်ပါဘူး။ ကစားဖော်တွေအသင်း ဝန်ထမ်းတွေ ကလပ်မှာရှိတဲ့သူတွေ အားလုံးကိုသတိရနေပါတယ်။ လက်ရှိ အချိန်က လူသားအားလုံးအတွက် ခက်ခဲတဲ့အချိန်ပါ။ ကျွန်တော် ကိုယ်တိုင်လည်း အဲဒီလိုပဲခံစားရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် အားလုံးကို သတိရနေလို့ပါ။ COVID-19 ကြောင့် ကျွန်တော်တို့ဟာ မတူညီတဲ့ နည်းလမ်းတွေနဲ့ နေထိုင်နေရတယ်။အခုဆိုရင် လူတွေနဲ့ဝေးနေပြီ။ ဖုန်း ပြောတယ်။ Video Calls ပြောတယ်။ ဒါပေမဲ့ အတူတူမဟုတ်ပါဘူး''ဟုဆိုသည်။

ဖာနန်ဒင်ဟိုသည် ၂ဝ၁၃ ခုနှစ်က ရှက်တာဒိုးနက်စ်မှ မန်စီးတီးသို့ပြောင်း ခဲ့သူဖြစ်ပြီး ပွဲပေါင်း ၃ဝဝ ကျော် ကစားထားကာ ယခုနှစ်၌ပြိုင်ပွဲစုံ ၃၁ ပွဲပါဝင်ခဲ့သည်။



ဖတ်ရှုမှုအများဆုံး