မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ ရတနာတိုင်းပြည်အိမ်ရာ ဒုတိယထပ်၌ နေထိုင်သော နိုင်ငံခြားသား တစ်ဦး၏ ပုပ်ပွနေသော ရုပ်အလောင်းကို ဧပြီ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်က တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ နိုင်ငံခြားသားမှာ ဗြိတိန်နိုင်ငံသားဖြစ်၍ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလကတည်းက ရောက်ရှိပြီး တစ်ဦးတည်း တည်းခိုနေထိုင်သူဖြစ်ကာ ယင်းနှင့် ပတ်သက်၍ စစ်ဆေးမှုများလုပ်ဆောင်နေသည်ဟုဆိုသည်။
“အနံ့တွေရတယ်ဆိုပြီး သတင်းပေးလာလို့ ဝင်ရောက်ရှာဖွေရာက ခုလိုတွေ့ခဲ့တယ်။ ကျန်တဲ့အချက်အလက် တွေ ကို လူဝင်မှုကြီးကြပ်ရေးနဲ့ ပေါင်းပြီး စစ်ဆေးမှုလုပ်နေပါတယ်”ဟု အမှတ်(၉)နယ်မြေရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
သေဆုံးသူသည့် ပုပ်ပွကာ အနံ့များထွက်နေသဖြင့် သေဆုံးသည်မှာ ရက်ကြာပြီဖြစ်ကာ အရက်အလွန်အကျွံ သောက်သုံးသူဟု ကနဦးသိရှိရပြီး သေဆုံးရသည့် အကြောင်းအရင်းကို စစ်ဆေးနေဆဲဖြစ်ကြောင်းသိရသည်။

















