မိုနာကိုကွင်းလယ်ကစားသမား ဖာဘရီဂတ်စ်က အသက်(၉၅)နှစ် အရွယ်အဘွားဖြစ်သူမှာ COVID-19 ကို တွန်းလှန်နိုင်ခဲ့ကြောင်း တွစ်တာမှ တစ်ဆင့်အသိပေးခဲ့ပြီး ကျန်းမာရေး ဝန်ထမ်းများကို ချီးကျူးစကားပြော ကြားခဲ့ကြောင်း သိရသည်။
ဖာဘရီဂတ်စ်၏အဘွားမှာ ဘာစီ လိုနာမြို့၌ နေထိုင်သူတစ်ဦးဖြစ်ပြီး ဗိုင်းရပ်စ်ကူးစက်ခံရမှု ရာခိုင်နှုန်း ၇ဝ ရှိကြောင်း စပိန်ကစားသမားကပြော ကြားထားသည်။ စပိန်၌ COVID-19 ကူးစက်မှုများရှိနေရာ ကိုယ်ခံအားနည်း သော သက်ကြီးရွယ်အိုများအတွက် စိုးရိမ်စရာဖြစ်နေသည်။
အာဆင်နယ်နှင့် ချယ်လ်ဆီးကစား သမားဟောင်းဖြစ်သူ ဖာဘရီဂတ်စ်က ''ကျွန်တော့်အဘွားဟာ အသက်(၉၅) နှစ်အရွယ်ရှိပါပြီ။ သူဟာ ဒီအသက် အရွယ်နဲ့ ကိုရိုနာဗိုင်းရပ်စ်ကို တွန်းလှန် နိုင်ခဲ့တယ်။ မနေ့က အဖြေသိရတယ်။ Negative ပါ။ အဘွားက စိတ်ဓာတ် အင်မတန်မာပါတယ်။ ကျန်းမာရေး ဝန်ထမ်းတွေဟာ အချိန်နဲ့အမျှ ဘဝတွေ ကိုပေးပြီး ကျွန်တော်တို့အဆင်ပြေဖို့ပေး ဆပ်နေကြတယ်''ဟု ပြောကြားခဲ့သည်။
ဖာဘရီဂတ်စ်က ကျန်းမာရေး ဝန်ထမ်းများကို လေးစားမှုရှိကာ မဖြစ် နိုင်သည့်အရာမရှိကြောင်း ပြသနေဟု ဆိုခဲ့သည်။ အသက်(၃၂)နှစ်အရွယ် ဖာဘရီဂတ်စ်သည် မိုနာကိုအသင်းကို ကူညီသည့်အနေဖြင့် လစာလေးလစာ ဆိုင်းငံ့ရန် သဘောတူညီထားသည်။
စပိန်နိုင်ငံ၌ ဧပြီ ၃ဝ ရက်အထိ COVID-19 ကူးစက်သူ ၂၃ဝဝဝဝ ကျော်နေကာ ပြင်သစ်တွင် ၁၆ဝဝဝဝ ကျော်ရှိနေကြောင်းသိရပြီး ရောဂါထိန်းချုပ်ရန်ကြိုးစားနေသည်။















