အရေးပေါ်ရိက္ခာ အရန်ဆန်နှင့် ဆီများကို ကျောက်ဆည်မြို့ဂိုဒေါင် ၅ လုံး၌ သိုလှောင်မည်

အရေးပေါ်ရိက္ခာ အရန်ဆန်နှင့် ဆီများကို ကျောက်ဆည်မြို့ဂိုဒေါင် ၅ လုံး၌ သိုလှောင်မည်

COVID-19 ရောဂါဖြစ်ပွားနေချိန်တွင် နိုင်ငံတော်ဘတ်ဂျက်ဖြင့် ဝယ်ယူမည့် အရေးပေါ်ရိက္ခာအရန်ဆန်နှင်ဆီများကို ရန်ကုန်နှင့် မန္တလေးတွင် သိုလှောင်သိမ်းဆည်းမည်ဖြစ်ရာ မန္တလေးတိုင်းဒေသကြီးကျောက်ဆည်မြို့၌ ဂိုဒေါင် ၅ လုံး ပြင်ဆင်ထားကြောင်း ကုန်သည်များနှင့်စက်မှူ လက်မှူလုပ်ငန်းရှင်များအသင်း(မန္တလေးတိုင်း-MRCCI)အတွင်းရေးမှူး ဦးဥက္ကာကျော်က ပြောသည်။

အစိုးရက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်
နိုင်ငံသားများကို နိုင်ငံတော်ရိက္ခာဖြန့်ဝေနိုင်ရန် အရန်ဆန်တန် ချိန်(၅၀၀၀၀)နှင့်စားအုန်းဆီတန်ချိန်(၁၂၀၀၀)အား ဝယ်ယူသိုလှောင်မည်ဖြစ်သောကြောင့် လုပ်ငန်းအကောင်အထည်ဖော်ရေး ဖွဲ့စည်းဆောင်ရွက်နေခြင်းဖြစ်သည်။

“ဆန်က ဧည့်မထဆန်ပါ။အစိုးရဘတ်ဂျက်နဲ့ ဝယ်မှာ။ ရန်ကုန်နဲ့ မန္တလေးမှာ ခွဲပြီးသိုလှောင်မှာဖြစ်လို့ ပြင်ဆင် နေတာပါ။သိုလှောင်သိမ်းဆည်းမယ့် ဂိုဒေါင်တွေ ကြံ့ခိုင်မှုအခြေအနေတွေနဲ့ ပြင်ဆင်ထားတာတွေ ကို တစ်နေ့ကပဲ သွားစစ်ခဲ့တယ်။ မန္တလေးတိုင်းအရန်ရိက္ခာဆန်များလက်ခံ၊သိုလှောင်၊ဖြန့်ဖြူးရေးအဖွဲ့ဖွဲ့စည်းဆောင်ရွက်နေတာပါ”ဟု ၎င်းက ပြောသည်။

ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် အရေးပေါ်ရိက္ခာဖြန့်ဝေနိုင်ရန် သိုလှောင်သိမ်းဆည်းရေးအတွက် လုပ်ငန်းဖော်
ဆောင်ရေးအဖွဲ့ဖွဲ့စည်းခဲ့ရာ၌ စားသုံးသူရေးရာဦးစီးဌာနမှ အဖွဲ့ခေါင်းဆောင်နှင့်ပို့ကုန်/သွင်းကုန်ဌာန၊ကုန် သွယ်ရေးဦးစီးဌာန၊ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ဆန်စပါးကုန်သည်များအသင်းနှင့် စားသုံးသူရေးရာဦးစီးဌာန(ကျောက်ဆည်ခရိုင်)တို့ပါဝင်သည့် ၁၀ ဦးအဖွဲ့ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး