ကိုလုံးအသင်းမှသုံးဦး COVID-19 ဖြစ်နေ၍ ဘွန်ဒက်စ်လီဂါ ပြန်စရန် အဟန့်အတားဖြစ်လာ

ကိုလုံးအသင်းမှသုံးဦး COVID-19 ဖြစ်နေ၍ ဘွန်ဒက်စ်လီဂါ ပြန်စရန် အဟန့်အတားဖြစ်လာ

ကိုလုံးအသင်းမှ သုံးဦးမှာ COVID-19 ဖြစ်နေကြောင်း ကလပ်မှ ကြေညာချက်ထုတ်ပြန်ပြီးနောက်ဆိုင်းထားရသော ဂျာမန်ဘွန်ဒက်စ်လီဂါပြိုင်ပွဲ ပြန်လည်စတင်ရန် အဟန့်အတားတစ်ခုဖြစ်လာခဲ့သည်။

COVID-19 ကြောင့်နယ်သာလန်အဆင့်မြင့်တန်းနှင့်ပြင်သစ်လီဂူးတို့ဖျက်သိမ်းခဲ့သော်လည်းဘွန်ဒက်စ်လီဂါမှာ ဥရောပထိပ်တန်းလိဂ် ၅ ခုအနက် ပွဲများ ဆောလျင်စွာ ပြန်ကစားနိုင်ရန် ကြိုးစားနေသည်။

ဘွန်ဒက်စ်လီဂါအသင်းများသည်ဘောလုံးရာသီပြန်လည်မကစားမီလေ့ကျင့်ခန်းများပြုလုပ်နေသည့်အချိန် ကိုလုံးအသင်းမှာ COVID-19 ရှိ/မရှိစစ်ဆေးမှုအရPositive ဖြစ်နေသူသုံးဦး ပေါ်လာခဲ့သည်။

ကိုလုံးအသင်းကစားသမားများအပါအဝင်နည်းပြများနှင့်အသင်းအဖွဲ့ဝင်များသည် ဧပြီ ၃၀ရက်က COVID-19 စစ်ဆေးမှု ခံယူခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ဗိုင်းရပ်စ်ကူးစက်ခံရသူသုံးဦးမှာ နေအိမ်၌ Quarantine ၁၄ရက်ဝင်နေကြောင်းအသင်းလေ့ကျင့်မှု အစီအစဉ်များမှာ မူလအတိုင်းသာဖြစ်ဟု ကိုလုံးအသင်းကထုတ်ပြန်ခဲ့သည်။

COVID-19 Positive ဖြစ်နေသူသုံးဦးမှာမည်သူမည်ဝါဖြစ်သည်ကို ကိုလုံးက မကြေညာပေ။

COVID-19 ကြောင့်ရွှေ့ဆိုင်းထားရသော ဘွန်ဒက်စ်လီဂါမှာ မေ ၉ ရက်၌ ပြန်စမည်ဟုယုံကြည်ရသော်လည်း လက်ရှိတွင်ဆုံးဖြတ်ချက်ပြန်စောင့်ရမည်ဖြစ်သည်။

ဘွန်ဒက်စ်လီဂါမှာCOVID-19 ကြောင့် မတ်လ ဒုတိယပတ်နောက်ပိုင်း ရပ်နားထားရသည်။ဂျာမနီနိုင်ငံ၌ မေ ၂ ရက်အထိ COVID-19 ကူးစက်သူ ၁၆၀၀၀၀ကျော်  ရှိပြီး ၆၀၀၀ ကျော်သေဆုံးခဲ့ပြီးဖြစ်သည်။



ဖတ်ရှုမှုအများဆုံး