COVID-19 ကြောင့် ရွှေ့ဆိုင်းထားသည့် ပိုလန်နှင့်ဒိန်းမတ်လိဂ် ပြန်ကစားမည်

COVID-19 ကြောင့် ရွှေ့ဆိုင်းထားသည့် ပိုလန်နှင့်ဒိန်းမတ်လိဂ် ပြန်ကစားမည်

COVID-19 ကြောင့်ရွှေ့ဆိုင်းထားရသော ပိုလန်နှင့်ဒိန်းမတ်လိဂ်ပြိုင်ပွဲများမှာ လာမည့်မေလနှောင်းပိုင်း၌ ပြန်လည်ကစားနိုင်တော့မည်ဖြစ်သည်။

COVID-19ဆိုးကျိုးသက်ရောက်မှုမှာ အားကစားနယ်ပယ်ပါမကျန် ထိခိုက်ခဲ့ရာ နိုင်ငံတိုင်းရှိ အားကစားပွဲများနှင့် ဘောလုံးပွဲများကို ရွှေ့ဆိုင်းခဲ့ရပြီးဖြစ်သည်။

နယ်သာလန်လိဂ်နှင့်ပြင်သစ်လီဂူးဖျက်သိမ်းခဲ့ရသည့်တိုင် ကျန်ဥရောပလိဂ်များမှာ ပြန်လည်စတင်ရန်စိုင်းပြင်းနေသည့်အချိန် ပေါ်တူဂီလိဂ်ပြီးနောက် ပိုလန်နှင့်ဒိန်းမတ်လိဂ်တို့ မေလအတွင်း ပြန်စရန်ရှိနေသည်။

ဂျူဗင်တပ်စ်ကစားသမားဟောင်းဖြစ်ခဲ့ပြီး လက်ရှိတွင် ပိုလန်ဘောလုံးအဖွဲ့ချူပ်ဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်နေသော ဇီဘီဘိုနီရက်ခ်က အရေးကြီးသတင်းတစ်ခုကို ကြေညာလိုက်ကာမေလနှောင်းပိုင်း၌ပွဲများ ပြန်စနိုင်မည်ဟု ပါရှိခဲ့သည်။

ပြိုင်ပွဲများပြန်လည်စတင်ရေးနှင့်ဆက်စပ်၍ ပိုလန်ဘောလုံးအဖွဲ့ချူပ်၏ တင်ပြချက်များကို အစိုးရက လက်ခံထားသည်။

ဘိုနီရက်ခ်က"အသင်းတွေအားလုံး တနင်္လာနေ့မှာလေ့ကျင့်ခန်းပြန်စနိုင်မယ်။ရှေ့ဆက်အခြေအနေကောင်းလာရင် မေ ၂၇ ၊၂၈ မှာဖလားပွဲနှစ်ပွဲ စလို့ရပြီ။မေ ၂၉ရက်မှာလိဂ်တွေပြန်စမယ်။ပွဲတွေကိုတော့တံခါးပိတ်ကစားမှာပါ။လိဂ်က ပွဲစဉ် ၁၀ ခုကျန်နေတယ်။ ဇူလိုင် ၂၇လောက်အဆုံးသတ်နိုင်မယ်"ဟု ဆိုသည်။

ဒိန်းမတ်ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူများမှာလည်း ပွဲများပြန်စနိုင်ရန် အစိုးရထံသို့တင်ပြထားရာလာမည့်မေ ၂၉ ရက်၌ ပြန်လည်ကစားနိုင်မည်ဖြစ်ကြောင်း သိရသည်။



ဖတ်ရှုမှုအများဆုံး