ဂျာမန်လိဂ်နှစ်ခုဖြစ်သည့် ဘွန်ဒက်စ်လီဂါနှင့် ဘွန်ဒက်စ်လီဂါ ဒုတိယတန်း စုစုပေါင်းကလပ် ၃၆ သင်းမှ ကစားသမား ၁၇၂၄ ဦးကို COVID-19 စစ်ဆေးခဲ့ရာ ၁ဝ ဦးတွင် ပိုးတွေ့ခဲ့ကြောင်း ဘီဘီစီက ဖော်ပြခဲ့သည်။
ကိုလုံးအသင်း၌ COVID-19 ဖြစ်နေသူသုံးဦးတွေ့ရှိပြီးနောက် ယခုအခါ နောက်တိုးအနေဖြင့် ကစားသမား ၁ဝ ဦးဗိုင်းရပ်စ်တွေ့နေကြောင်း ဘွန်ဒက်စ်လီဂါက အတည်ပြုခဲ့သည်။
COVID-19 ရှိနေသူ ကစားသမား ၁ဝ ဦးမှာ မည်သည့် အသင်းမှဖြစ်သည်ကို ရှင်းရှင်းလင်း လင်းမသိရသေးပေ။
ဘွန်ဒက်စ်လီဂါကလပ်များသည် အစိုးရ၏လမ်းညွှန်ချက်များနှင့်အညီ လေ့ကျင့်ခန်းပြုလုပ်ခွင့်ပြန်ရနေသည့်အချိန် COVID-19ကူးစက်သူကစား သမားများထပ်တွေ့ရခြင်းမှာ လိဂ်ပြန် လည်စတင်ရန် အတားအဆီးတစ်ခု ဖြစ်လာသည်။
ဘွန်ဒက်စ်လီဂါသည် COVID-19 ကြောင့် တံခါးပိတ်ကျင်းပမည်ဖြစ်ပြီး မေ ၂၃ ရက်၌ ပြန်စနိုင်မည်ဟုယုံ ကြည်ရသော်လည်း လက်ရှိအခြေအနေအရ အချိန်တစ်ခုစောင့်ဆိုင်းရမည်ဖြစ်သည်။
ကမ္ဘာတစ်ဝန်း COVID-19ကူးစက်သူမှာ မေ ၅ ရက်အထိ ၃ ဒသမ ၅ သန်းကျော်နေပြီဖြစ်သည်။ ဂျာမနီ၌ COVID-19 ကူးစက်သူ ဦးရေမှာ မေ ၅ ရက်အထိ ၁၆ဝဝဝဝ ကျော်နေပြီး ၇ဝဝဝ နီးပါးသေဆုံးခဲ့သည်။
ဂျာမနီသည် COVID-19ဖြစ်ပွားမှုအများဆုံး နိုင်ငံစာရင်းတွင် ဆဋ္ဌမနေရာသို့ရောက်နေသည်။
ဘွန်ဒက်စ်လီဂါသည် COVID-19ကြောင့် မတ် ၁၁ ရက်နောက်ပိုင်း ရွှေ့ဆိုင်းထားရပြီး ရာသီပြီးဆုံးရန် ပွဲစဉ်ကိုးခု ကစားရဦးမည်ဖြစ်သည်။
ဘွန်ဒက်စ်လီဂါသည် ပြီးခဲ့သည့် ကြာသပတေးနေ့မှစတင်ကာ ကစားသမားများကို COVID-19စစ်ဆေးမှုများ ပြုလုပ်ပေးခဲ့ခြင်းဖြစ်ကြောင်းထုတ်ပြန်ချက်၌ပါရှိခဲ့သည်။
ဘိုင်ယန်မြူးနစ်အသင်း ကစားသမားများမှာမူ COVID-19 စစ်ဆေးခဲ့ရာ ပိုးမတွေ့ခဲ့ပေ။ကစားသမားများ၌ COVID-19 Positive ခပ်စိပ်စိပ်ပြလာ၍ ဘွန်ဒက်စ်လီဂါသည် ပြန်စရန် အစိုးရ၏ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းရမည်ဖြစ်သည်။
လက်ရှိတွင် ဘွန်ဒက်စ်လီဂါကလပ်များသည် Social Distancing စည်းမျဉ်းကိုလိုက်နာ၍ လေ့ကျင့်ခန်း ဆင်းခွင့်ရထားသည်။















