တရုတ်နယ်စပ်မှ နေရပ်ပြန်သူများအတွက် မန္တလေး-လားရှိူးရထား ပြန်လည်ပြေးဆွဲ

တရုတ်နယ်စပ်မှ နေရပ်ပြန်သူများအတွက် မန္တလေး-လားရှိူးရထား ပြန်လည်ပြေးဆွဲ

မြန်မာ-တရုတ်နယ်စပ်၊တရုတ်နိုင်ငံမှ ရောက်ရှိလာသော နေရပ်ပြန်လုပ်သားများအဆင်ပြေစွာဖြင့် မန္တလေးမှတစ်ဆင့် နေရပ်အသီးသီးသို့ ပြန်နိုင်ရေးအတွက် ရှမ်းပြည်နယ်အစိုးရ၏ ညှိနှိူင်းမှူအရ ယာယီရပ်ဆိုင်းထားသော မန္တလေး-လားရှိူးရထားကို ယနေ့ မေ ၆ ရက်နေ့မှစ၍ ပြန်လည်ပြေးဆွဲပေးနေကြောင်း မြန်မာ့မီးရထား (တိုင်း-၃)မှ သိရသည်။

အဆိုပါ ရထားသည် ချင်းရွှေဟော်၊လောက်ကိုင်ဘက်မှ ပြန်လာသော နေရပ်ပြန်လုပ်သားများကို ဦးစားပေးအစီ အစဉ်အဖြစ် မန္တလေးမှတစ်ဆင့်မိမိတို့ နေရပ်အသီးသီးသို့ ပြန်နိုင်ရန် မန္တလေး-လားရှိူး အမှတ် ၁၃၁/၁၃၂ ရထားပြေးဆွဲခြင်းဖြစ်သည်ဟု မြန်မာ့မီးရထား(အထက်မြန်မာပြည်မန်နေဂျာ)ဦးမျိုးက ပြောသည်။

“Special Train ပြေးဆွဲပေးဖို့ အကူအညီတောင်းတယ်။နယ်စပ်က ပြန်လာတဲ့ မြန်မာ လုပ်သားတွေ သွားလာနိုင်ဖို့ပါ။မန္တလေးအဝင် ညမထွက်ရ အချိန်နဲ့ လွတ်အောင် ည ၈ နာရီလောက်ရောက် ချင်တာပါ။ဒီနေ့ စပြီးပြေးဆွဲတယ်။နယ်စပ်ကနေ ပြန်လာမယ့် လုပ်သားတွေ အတွက်အဓိက ဖြစ်ပြီး ဒီနေ့လားရှိူးက ထွက်လာပြီ”ဟု ၎င်းက ပြောသည်။

မန္တလေးမှ ထွက်ခွာမည့် အမှတ် ၁၃၁ ရထားတွင် လိုက်ပါလိုသော ခရီးသည်များအား တင်ဆောင်မည်ဖြစ်ပြီး လားရှိူးမှ ထွက်ခွာမည့် အမှတ် ၁၃၂ ရထားတွင် နေရပ်ပြန်လုပ်သားများကိုသာ ဦးစားပေးမည်ဖြစ်ကာ ယနေ့ မန္တလေးသို့ထွက်ခွာလာသည့်ရထား၌ နေရပ်ပြန် ၄၀၀ ကျော်ပါရှိသည်ဟု သိရသည်။

“ခုပြေးဆွဲတာက နေရပ်ပြန်တွေအတွက် ဦးစားပေးဖြစ်လို့ ခရီးသည် ဦးစားမပေးဘူး။အရင်ပုံမှန်ဆိုရင် ရထားက လမ်းဘူတာ ၂၀ လောက်ရပ်နားတယ်။ဘူတာတိုင်းလိုလို ရပ်ခဲ့ပေမယ့် မန္တလေး ကိုစောစောဝင်နိုင်အောင် ခုပြေးဆွဲမယ့် ရထားက လမ်းမှာ ကျောက်မဲဘူတာတစ်ခုပဲ ရပ်နားမယ်။ အဲဒါက နေ့လည်စာအတွက် အဆင်ပြေအောင်လို့ပါ”ဟု ဆက်လက်ပြောကြားသည်။

မြန်မာ့မီးရထားမှ COVID-19 ကာကွယ်ထိန်းချုပ်ရေးလမ်းညွန်ချက်များအရ  ရထားခရီးစဉ်များယာယီရပ် နားထားမှုတွင်ပါဝင်သည့် မန္တလေး-လားရှိုးရထားကို နေရပ်ပြန်များအဆင်ပြေစေရန် ပြန်လည်ပြေးဆွဲပေးခြင်းဖြစ်ကာ မန္တလေးဘူတာတွင် အုပ်ချုပ်ရေးအဖွဲ့များ၊ကျန်းမာရေးဦးစီးဌာနများနှင့် သက်ဆိုင်ရာပူးပေါင်းအဖွဲ့ဖြင့် ကျန်းမာရေးစစ်ဆေးမှုများလုပ်ဆောင်ပေးလျက်ရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး