မန္တလေးတွင် Mask မဖြစ်မနေ တပ်ဆင်ရေးစတင်ပြီးနောက် ၉ ဦးကို အရေးယူ

မန္တလေးတွင် Mask မဖြစ်မနေ တပ်ဆင်ရေးစတင်ပြီးနောက် ၉ ဦးကို အရေးယူ

မန္တလေးတိုင်းအတွင်း COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအထောက်အကူဖြစ်စေရန် နေအိမ်ပြင်ပသို့ သွားလာပါက Mask စနစ်တကျလုံခြုံစွာတပ်ဆင်ရေးကြေညာချက်ကို မေ ၈ ရက်နေ့ ထုတ်ပြန်ပြီးနောက် မလိုက်နာသူ ၉ ဦးကို မေ ၉ ရက်၌ အရေးယူခဲ့ကြောင်း သိရသည်။

Mask စနစ်တကျတပ်ဆင်ရန် မေ ၉ ရက်မှ ၁၅ ရက်နေ့ထိ ပညာပေးကာလတွင် လိုက်နာခြင်း မရှိသူသည် Mask တစ်ခုလျင် ၁၀၀၀ ကျပ်ဖြင့်၂ ခုဝယ်ယူရမည်ဖြစ်ပြီး ယင်းနောက်ပိုင်းတွင်ငွေ ကျပ် ၅၀၀၀ ဖြင့်Mask ၂ ခုဝယ်ယူရမည်ဖြစ်သည်။

“နှာခေါင်းစည်း Mask တွေ တပ်ဆင်ဖို့ဗီနိုင်းကိုင်ပြီး လှည့်လည်တာ အသံချဲ့စက်နဲ့ ကြေညာတာတွေ လုပ်နေပြီး အရေးယူတာလည်း တစ်ပါတည်း လုပ်နေတယ်”ဟု မြို့နယ် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။

ယင်းနေ့က အရေးယူခဲ့ရာ၌ မြနန္ဒာဈေးတွင် Mask မတပ်ဆင်သူ ၅ ဦး၊ရန်အောင်ဈေးတွင် ၄ ဦး စုစုပေါင်း ၉ ဦးဖြစ်ပြီး ၎င်းတို့အား ကြေညာချက်ပါအတိုင်း တစ်ဦးလျှင် Mask တစ်ခု ၁၀၀၀ ကျပ်ဖြင့် ၂ ခုစီ ဝယ်ယူစေပြီး အရေး ယူဆောင်ရွက်ခဲ့သည်။

ဈေးများတွင် ဈေးရောင်းသူ ဈေးဝယ်သူများသည် Mask စနစ်တကျတပ်ဆင်ရန်နှင့် အချို့မှာ ဦးခေါင်းနှင့် မေးတို့တွင် ချိတ်ဆွဲထားသော ဈေးသည်များအား ပထမအကြိမ် ဝန်ခံကတိလက်မှတ်ရေးထိုးစေခဲ့ပြီး နောက်တစ်ကြိမ်တွင် ဈေးဆိုင်ခန်းပိတ်သိမ်းမည်ဟု သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး