COVID-19 ကြောင့် ဒရက်စ်ဒန်တစ်သင်းလုံး Quarantineဝင်ရ
ဂျာမန်ဒုတိယတန်းကလပ် ဒရက်စ်ဒန်အသင်း ကစားသမားနှစ်ဦး၌ COVID-19 Positive တွေ့ရှိခဲ့ပြီးနောက် လက်ရှိအချိန်တွင် အသင်းကစားသမားများနှင့် နည်းပြအဖွဲ့ဝင်များမှာ Quarantine နှစ်ပတ်ဝင်ရတော့မည် ဖြစ်ကြောင်း သိရသည်။
ဂျာမန်ဘွန်ဒက်စ်လီဂါနှင့် ဒုတိယတန်းပြိုင်ပွဲများမှာ ယခုအပတ်အတွင်း ပြန်လည်စတင်ရန် အစိုးရက ခွင့်ပြုထားသည့်အချိန် ဒရက်စ်ဒန်အသင်းကြောင့် အဟန့်အတားဖြစ်လာခဲ့သည်။
ကစားသမားများသည် လာမည့် ၁၄ ရက်အတွင်း လေ့ကျင့်မှုများအပြင် ပွဲကစားရန်မဖြစ်နိုင်တော့ကြောင်း ဒရက်စ်ဒန်အသင်းက ကြေညာခဲ့သည်။
ဒရက်စ်ဒန်သည် လာမည့်မေ ၁၇ ရက်တွင် ဟန်နိုဗာနှင့်ကစားရမည်ဖြစ်ရာ ပွဲရွှေ့ဆိုင်းရန် အလားအလာများနေသည်။
ဂျာမနီ၌ မေ ၁ဝ ရက်အထိ COVID-19 ကူးစက်ခံရသူ ၁၇ဝဝဝဝ ကျော်ရှိနေပြီး ၇၅ဝဝ ကျော် သေဆံုံးခဲ့ပြီးဖြစ်သည်။















